♕ 𝐮𝐧𝐢𝐜𝐨𝐝𝐞 ♕
agape island။
မင်္ဂလာပွဲလာဧည့်ပရိသတ်များသွားလာရေးအဆင်ပြေချောမွေ့စေရန်ကျွန်းပေါ်၌ရဟတ်ယာဉ်(၄)စီးနှင့်ဇိမ်ခံရွက်လှေ(၆)စီးစီစဉ်ပေးထား၏။
ရင်းနှီးသောလူအနည်းစုနှင့်စီးပွါးရေးမိတ်ဖက်များကိုသာဖိတ်ကြားထားသောကြောင့်လူဦးရေမှာ(၁၀၀)ကျော်နီးပါးလောက်သာ။
ကျွန်းပေါ်တွင်တည်းခိုသောမင်္ဂလာပွဲလာဧည့်သည်အချို့ကိုပုဂံခေတ်နှင့်ပျူခေတ်ယဉ်ကျေးမှုများပေါင်းစပ်ဖန်တီးထားသည့်အဆောက်အအုံများ၌တည်းခိုစေသည်။
အများစုမှာမင်္ဂလာပွဲမစမီတစ်ရက်အလိုကတည်းကကျွန်းပေါ်သို့ရောက်ရှိနေခဲ့ခြင်းဖြစ်ပြီးကျန်သူအနည်းစုမှာတော့ယနေ့ကျမှရောက်ရှိလာကြခြင်းဖြစ်၏။
နှင်းဖူးတို့နှစ်ယောက်တိုင်ပင်ထားခဲ့သည်အတိုင်း။သတို့သားအရံနှင့်သတို့သမီးအရံတို့မထားရှိခဲ့ကြပေ။
အဲ့အစား။
best manနှင့်maid of honorတို့ကိုသာထားရှိခဲ့ကြသည်။နေသောလွင်နှင့်နှင်းဖူး၏မင်္ဂလာပွဲဖြစ်သည်ကြောင့်ပွဲကျင်းပပုံမှာနှင်းဖူးတို့နှစ်ယောက်၏စိတ်တိုင်းကျစည်းမျဉ်းအတိုင်းသာ။ရိုးရာအစဉ်အလာအယူအဆမဟုတ်။
ကို့ကို့၏best menမှာတော့ရေးရေးနှင့်David။
best manဟူသည်သတို့သား၏ရင်းနှီးသောဆွေမျိုးသို့မဟုတ်အချစ်ဆုံးသူငယ်ချင်း။မင်္ဂလာပွဲအများစုတွင်best manတစ်ယောက်သာထားလေ့ရှိကြသော်လည်းနှင်းဖူးတို့ပွဲတွင်တော့နှစ်ယောက်ထားရှိခဲ့သည်။
David Htun Zawသည်ကိုကိုနှင့်ကျောင်းအတူတူတက်ကြီးပျင်းခဲ့သောငယ်သူငယ်ချင်းတစ်ယောက်ဖြစ်၏။
အထက်တန်းပြီးကတည်းကနိုင်ငံခြားထွက်သွားခဲ့သောကြောင့်နှင်းဖူး၏ကလေးမှတ်ဉာဏ်ထဲတွင်တော့Davidကိုခပ်ရေးရေးသာမှတ်မိသည်။
သို့သော်။ဆယ်စုနှစ်တစ်ခုကျော်အတွင်းမြန်မာပြည်သို့ရံဖန်ရံခါပြန်လာလေ့ရှိသောDavidသည်ကိုကိုနှင့်ရေးရေးတို့နှင့်တော့အမြဲအဆက်အသွယ်ရှိခဲ့ပုံပင်။
KAMU SEDANG MEMBACA
《 ALYA 》
Romansa•𝗕𝘂𝗿𝗺𝗲𝘀𝗲 𝗢𝘄𝗻 𝗖𝗿𝗲𝗮𝘁𝗶𝗼𝗻• "ကိုကိုကဖူးအပိုင်ဆိုတာလူတိုင်းသိတယ်" ∝ နှင်းဖူးတစ်ယောက်သူမကိုအရမ်းဂရုစိုက်ပြီးအလိုလိုက်တဲ့နေသောလွင်ကိုအသက်(၉)နှစ်အရွယ်တွင်တစ်ဖက်သတ်စတင်ကြိုက်နှစ်သက်ခဲ့လေသည်။ထိုလျှို့ဝှက်ချက်ကိုနှင်းဖူးမှအပမည်သူမျှမသိ။ အချိန်...