Best Part✨

1K 83 13
                                    

[Zawgyi]

"ဟာကွာ!!! ဒီဆံပင်တွေကလည်း စိတ်ပျက်စရာကြီး"

မှန်တင်ခုံရှေ့မှာ ရှုပ်ထွေးနေတဲ့ ရွှေဝါရောင်ဆံပင်တွေကို ဖြီးရင်း စိတ်ပျက်စွာ ငြီးတွားနေသည့် Chaeyoungဆီကို Lisaခပ်ဖြေးဖြေးလျှောက်သွားသည်။ ထို့နောက် သူမလက်ထဲမှ ခေါင်းဘီးကို ယူကာ သူကိုယ်တိုင် ဖြီးပေးသည်။ ညိနေတဲ့ ဆံပင်စတွေကိုလည်း ဂရုတစိုက် ပြန်ဖြေကာ ဖြီးပေးသည်။

"နင်မို့ စိတ်ရှည်တယ် Banရယ်။ ငါတော့ စိတ်မရှည်ဘူး။ ဒီလိုကြီးရှင်းရမှာ"

မှန်ထဲက Lisaကို Chaeyoungလှမ်းကြည့်ရင်း ပြောလိုက်တော့ Lisaက ရယ်သည်။ နှာခေါင်းလေးရှုံ့ပြကာ ပြောနေသည့် Chaeyoungက Lisaအမြင်တွင် တော်တော်ကို ချစ်စရာကောင်းသည်။

"ဒီဆံပင်တွေကို ညှပ်မပစ်နဲ့နော် Chaeng နင်က ဆံပင်ရှည်နဲ့လိုက်တယ်။ ဆံပင်ရှင်းရမှာ မကြိုက်ရင် ငါရှင်းပေးမယ်။ နင်က ဒီတိုင်းဆံပင်ကို အရှည်ထားပေး"

"ငါကလည်း နင်ကြောင့်နဲ့ မညှပ်တာပါဟာ။ ပြီးတော့ နင်သဘောကျတဲ့ ဒီဆံပင်တွေကို ငါမညှပ်ရက်ပါဘူး"

Chaeyoungရဲ့ အဖြေစကားကို ကြားတော့ Lisaပြုံးလိုက်သည်။ Chaeyoungလည်း ပြုံးမိသည်။ ဆံပင်ဖြီးပြီးသွားတော့ Lisaက သူကိုယ်တိုင်ဝယ်ပေးထားတဲ့ နှင်းဆီပန်းကလစ်ကလေးကို တွယ်ပေးသည်။

"အဆင်သင့်ဖြစ်ပြီဆို သွားရအောင် Chaeng"

Lisa Chaeyoungဆီ လက်ကမ်းပေးရင်း ပြောလိုက်တော့ Chaeyoungက ခေါင်းညိတ်ကာ Lisaရဲ့ လက်ကို ဆုပ်ကိုင်လိုက်သည်။ Chaeyoungရဲ့ လက်ကိုလည်း Lisaဆုပ်ကိုင်လိုက်ရင်း ပြုံးလိုက်မိပါသည်။ ရင်ထဲမယ် နွေးထွေးမှုတွေဟာ ဖြတ်ပြေးလို့။

"Wow မရဲ့ Youngလေးက လှလိုက်တာ"

အခန်းတံခါးကို တွန်းဖွင့်ကာ အပြင်ထွက်တော့ Jennie Unnieက Chaeyoungကို ကြည့်ရင်း ပြောသည်။ Lisaလက်တွေကို Chaeyoungကို ဆုပ်ကိုင်ထားတဲ့ လက်တွေကို ဖြုတ်လိုက်မိသည်။ ခြေချောင်းတွေကိုလည်း ကုတ်လိုက်မိသည်။ မျက်မှန်ကိုင်းထူထူကိုလည်း ပင့်တင်လိုက်မိသည်။

"Ban သွားရအောင်လေ"

Chaeyoungကို Lisaပြုံးပြပြီး ခေါင်းညိတ်ပြလိုက်သည်။ ထို့နောက် သုံးယောက်အတူ အိမ်ထဲမှ ထွက်လာပြီး ရုပ်ရှင်ရုံဆီ လမ်းလျှောက်ရင်း လာခဲ့ကြသည်။

✨Best Part Of My Life✨Where stories live. Discover now