Unicode
လင်းထင်ခရီးထွက်နေစဉ် အိမ်မှာလာနေခိုင်းသော မာမီ၏ အမိန့်ကို မလွန်ဆန်နိုင်သဖြင့် အိမ်ပြန်နေဖြစ်သည်။ အမှန်တော့ လင်းထင် ခရီးမထွက်မီ ပြောသွားသည့် မာမီ၏ သဘောထားအကြောင်း သိချင်၍ ဖြစ်၏။ နှစ်လကျော်နီပါး ကြာခဲ့ပြီးနောက် မာမီသည် ကျွန်တော်တို့အကြောင်းကို တစ်စွန်းတစ်စမှ မဟ။ ထို့ကြောင့် သန်လျင်အိမ်ပဲ ပြန်နေတော့မည်။
“လေးချမ်း!”
အခန်းထဲတွင် အဝတ်အစားများ ထည့်နေစဉ် အနည်းငယ်ဟနေသော တံခါးကြားမှ ခေါင်းပြုထွက်ရင်း အော်ခေါ်သံက စူးခနဲ့။ ကိုယ့်အာရုံနှင့်ကိုယ်မို့ လန့်သွားသည်ကိုတော့ ဝန်ခံသည်။ ဒါကို သကောင့်သားက တဟားဟားနှင့် ရယ်နေ၏။
“ဘာဖြစ်လို့ အဲ့လောက်တောင် အော်နေတာလဲ”
“မအော်ပါဘူး။ ဒါက သားရဲ့ ပုံမှန်အသံပါနော်။ ဟီး… ဟီး…”
“ဒါဆို အော်တဲ့အကြောင်းမပြောတော့ဘူး။ ဘာလုပ်ဖို့ ဒီကိုလာတာလဲ”
“ရှော့ပင်းထွက်ပြီး ပြန်လာတော့ လေးချမ်းပြန်ရောက်နေတယ်လို့ ကြီးတင်က ပြောတယ်။ အဲ့ဒါကြောင့် လာကြည့်တာ။ သားအတွက် လက်ဆောင်ပါလား…”
လေးနှစ်သားအရွယ်နှင့် မလိုက်အောင် ဉာဏ်ကောင်းကာ သွက်လက်သော တူတော်မောင်က လူကြီးပေါက်စလေးအတိုင်း။ ပြောတာကိုက စကားကြီး စကားကျယ်တွေနှင့်။ အဲ့တာကိုပဲ ကြည့်မရတာလို့ပြောလျှင် ကျွန်တော်ကပဲ အပြစ်မရှိ အပြစ်ရှာတယ်ဖြစ်ရ၏။
“ဘယ်သွားတာထင်ပြီး လက်ဆောင်အကြောင်းလာပြောနေတာလဲ?”
မေးသမျှ အမေးတိုင်းကို မေးခွန်းတွေနှင့်သာ ဖြေလိုက်တော့ တူတော်မောင်က ခေါင်းကုတ်ရှာသည်။ အင်းမလုပ် အဲမလုပ်နှင့် ငိုမဲ့မဲ့မျက်နှာက ကျွန်တော့်အတွက် ခေါင်းကျိန်းစရာ။
“ခဏလေး… ခဏလေး။ မငိုလိုက်နဲဦး။ လေးချမ်းမှာ လောလောဆယ် လက်ဆောင်မရှိပေမယ့် နောက်တစ်ခါပြန်လာရင် လက်ဆောင်တွေ အများကြီးဝယ်လာခဲ့မယ်”
“တကယ်လား…”
“လေးချမ်းက ဘယ်တုန်းက ညာဖူးလို့လဲ?”
YOU ARE READING
ကန့်လန့်ကာပါး (ကန့်လန့်ကာပါး)
RomanceMarried life သီးသန့်!! အရှေ့က book ကို ဖတ်ပြီးမှ married life ကို ဖတ်ပါ!!! Start Date - 3.3.2022 End Date - 17.4.2022 Married life သီးသန့်!! အရှေ့ book ကို ဖတ်ပြီးမှ married life ကို ဖတ်ပါ!!!