7

431 68 2
                                    

ညရဲ့လရောင်လေးက တိတ်ဆိတ်နေတဲ့ကမ္ဘာမြေပေါ်အနှံ့ဖြန့်လို့နေသည် ဒီလိုအခြေနေဆိုတာလည်း သေချာခံစားတတ်မယ်ဆိုရင် စည်းစိမ်ဘဲမဟုတ်လား တိတ်ဆိတ်နေတဲ့ပတ်ဝန်းကျင် ရယ်
သာနေတဲ့လရောင်လေးရယ် ဖြည်းဖြည်းချင်းတိုက်ခတ်နေတဲ့ လေလေးရယ်

လသာတဲ့ညနဲ့ဒီလိုတိတ်ဆိတ်တဲ့အချိန်လေးမှာတော့ ပြတင်းပေါက်မှာထိုင်ပြီး သာနေတဲ့လကိုငေး နားကြပ်တပ်သီချင်းနားထောင်ရင်း လေညှင်းခံတာကအကောင်းဆုံးမို့ JunKyu တစ်ယောက်တည်း အခန်းရဲ့ပြတင်းပေါက်မှာ ထိုင်ပြီး သီချင်းနားထောင်ရင်း လမင်းကြီးကိုငေးကြည့်နေလိုက်သည်

နားထောင်မိတဲ့သီချင်းက White Moonlight and Cinnabar Nevus

သီချင်းလေးအတိုင်း စီးမျောရင်း တကိုယ်တော်အတွေးလွှင့်လိုက်သည် အတွေးတွေရဲ့ဦးတည်ချက်ကတော့ နှစ်ယောက်မရှိနိုင်သည့်
ဟာရူတို ဆိုသည့်ကလေးဆီကိုပင် တသက်မှာ ပထမဆုံးသဘောကျမိသည့် တစ်ဦးတည်းသောသူလည်းဖြစ်တာမို့ ရူးလောက်အောင်သဘောကျမိပါသည် တွေ့ဖူးတာလေးရက်လောက်ဘဲရှိအုံးမည်ဆိုပေမယ့် အသေအချာကြီးကို ရင်ထဲနစ်နေအောင် ဝင်သွားတဲ့ ဆူးလေးတစ်ချောင်း

သီချင်းထဲကလို
"လရောင်ဖြူလေးကထွန်းလင်းနေတော့ သူ့အကြောင်းတွေးဖို့အချိန်ကောင်း"
ဆိုသည့်အတိုင်း တကယ်ကိုသူ့အကြောင်းတွေးရင်းကြည်နူးခဲ့ရပါသည်

သေချာပြန်စဉ်းစားကြည့်မယ်ဆို ဟာရူ က အရမ်းငယ်သေးတယ်မဟုတ်လား အထက်တန်းတောင်မပြီးသေးတဲ့ကလေးတစ်ယောက် သူ့မှာလည်းရည်ရွယ်ချက်တွေရည်မှန်းချက်တွေဆိုတာရှိအုံးမှာ သူကတော့ ဒီလိုမရိုးမသားစိတ်မျိုးတွေးမိမှာတော့မဟုတ်ဘူး နောက်ပြီးယောက်ျားလေးချင်း ဘယ်ဖြစ်နိုင်ပါ့မလဲ

ထိုအတွေးနဲ့အတူဂျွန်ဂယူ ရင်မောရပြန်သည်
ကိုယ့်ကမ္ဘာနဲ့ကိုယ် ပျော်ရွှင်တာက အကောင်းဆုံးပါလေ ဟာရူ ရဲ့ဘဝကို အရောင်မဆိုးချင်ဘူး

စိတ်မောပန်းရတာကိုပြေဖျောက်နိုင်ဖို့ အိပ်ဖို့ဘဲဆုံးဖြတ်လိုက်သည် မနက်ရောက်ရင်လည်း Fukuokaမှာလျှောက်လည်ရအုံးမည်မလား ပြီးရင် ကိုယ်က ကိုရီးယားကိုပြန်မယ် ဒီလိုဘဲပြီးသွားမှာပါ မစသင့်တဲ့ဇာတ်လမ်းကို မစတာက အကောင်းဆုံးလို့ဂျွန်ဂယူထင်သည်

Default Title - Spring DiaryWhere stories live. Discover now