နိဒန်း အပိုင်း ဝ ထန်ဂိုဏ်း၏တတိယသခင်လေး(v2)

112 4 0
                                    

အရင်းအမြစ်များပေါကြွယ်ဝသောကုန်းမြေကြီးတစ်ခု၌ နာမည်ကျော်ကြားသောသိုင်းဂိုဏ်းများစွာရှိလေသည်။ ထိုဂိုဏ်းများအနက်အကျော်ကြားဆုံးဂိုဏ်းမှာ ထန်ဂိုဏ်းပင်ဖြစ်ပေ၏။ ဘိုင်ရှုတောင်... ထိုတောင်ထန်ဂိုဏ်း၏အခြေစိုက်ရာ နာမည်ကျော်တောင် တစ်ခုဖြစ်ပြီး လူသိများထင်ရှားလှပေသည်။

ထန်ဂိုဏ်း၏တည်နေရာမှာ လျှို့ဝှက်ဆန်းကြယ်လှ၏။ လူအများမှာ ထန်ဂိုဏ်းမှာ ထိုတောင်၏အလယ်တစ်နေရာ၌ရှိသည်ဟုသာသိကြသည်။ ထိုသည်ကမှန်သော်လည်း ထန်ဂိုဏ်းအခြေစိုက်တောင်ထွတ်၌ ကြောက်မက်ဖွယ်ကောင်းသော အခြားနာမည်တစ်ခုလည်းရှိသေးပေသည်။ ထိုတောင်ထွတ်၏အမည်ကား ငရဲတောင်ထွတ်ဟုခေါ်တွင်၏။

ပြောကြသည်မှာ ငရဲတောင်ထွတ်မှနေ၍ နေ၍ကျောက်ခဲတစ်လုံးကိုပစ်ချလိုက်ပါက အောက်ခြေထိသည့်အသံကိုကြားရရန် တဆယ့်ကိုးစက္ကန့်ပင်ကြာညောင်းလှပေမည်။ ထိုမျှမကသေး အကယ်၍လူတစ်ယောက်သာပြုတ်ကျသွားခဲ့ပါက ထိုလူ၏ဘဝမှာ စက္ကန့်တိုင်း ငရဲသို့ဇောက်ထိုးဆင်းနေရသကဲ့သို့ပင်ဖြစ်မည်ဟုဆိုကြ၏။ ထို့ကြောင့်ငရဲတောင်ထွတ်ဟုအမည်ခေါ်တွင်ခဲ့ပေသည်။

သို့သော် ယနေ့ မီးခိုးရောင်ဝတ်စုံဝတ်လူငယ်တစ်ဦး ထိုတောင်ထွတ်ပေါ်တွင်ရှိနေ၏။ ခန္ဓာကိုယ်က ထောင်ထွတ်စွန်းသို့ရောက်နေသည်မှာ ပြုတ်ကျသွားတော့မည့်အလားပင်။ လေအေးများက သူ့ခန္ဓာကိုယ်အား ရိုင်းရိုင်းစိုင်းစိုင်းတိုးဝှေ့သွားကြသော်လည်း သူကားတုန်လှုပ်ပုံမရ။ ထိုလူငယ်လေးဝတ်ထားသောမီးခိုးရောင်အင်္ကျီပေါ်၌ ထန်ဂိုဏ်း၏အမှတ်အသားအား အထင်အရှားတွေ့မြင်နိုင်သော်ကြောင့် ထိုလူငယ်မှာထန်ဂိုဏ်းသားတစ်ဦးပင် ဖြစ်ရပေမည်။ မီးခိုးရောင်ဝတ်စုံက လည်း အပြင်စည်းဂိုဏ်းဝင်ဖြစ်ကြောင်းဖော်ပြနေ၏။

ယခုနှစ်ဆိုလျှင် ထိုကောင်လေးကား ၂၉နှစ်ပြည့်ပြီဖြစ်၏၊ မွေးဖွားပြီးမကြာခင်မှာပင် ထန်ဂိုဏ်းသို့ရောက်ရှိခဲ့သောကြောင့် အပြင်စည်းဂိုဏ်းသားများအကြားတွင် တတိယမြောက်အကြီးဆုံးဂိုဏ်းတူအကိုကြီးဖြစ်လာခဲ့သည်။ ထို့ကြောင့်အပြင်စည်းဂိုဏ်းဝင်များက ချစ်စနိုးဖြင့် တတိယမြောက်သခင်လေးဟုခေါ်ကြ၏။ အတွင်းစည်းဂိုဏ်းသားများမှာမူ ထန်ဆန်းဟုသာခေါ်ကြသည်။ ( ဆန်းဆိုသည်မှာ တရုတ်တွင် သုံးဟု အဓိပ္ပာယ်ရသည် )

ဝိညာဥ်ကုန်းမြေ - ထန်ဆန်းWhere stories live. Discover now