💠💠💠💠
ဧည့်ခန်းမှအပေါ်ထပ်သို့ပြန့်လာသော မိဘနှစ်ပါးဖြစ်သည့် ဦးသန့်အောင် ၊ဒေါ်တင်စန်းတို့၏ စကားသံများကို မောင်သန့်စင်ကြားနေရသည်။မောင်သန့်စင်သည် မိမိ အိပ်ခန်းထဲမှနေ၍ ဆရာဘုန်းမြင့် ၏ '' ကမ္ဘာ့အံ့ဖွယ်တိရစ္စာန်'' စာအုပ်ကိုဖတ်နေသည်။ စာဖတ်နေပါသော်လည်း မိဘနှစ်ပါး တိုးတိုးတီတီ ပြောနေသောစကားသံကြောင့် စာအုပ်ထဲစိတ်မနှစ်နိုင်ဘဲ နားထောင်နေမိသည်။
''မိန်းမရာ ကိုယ်ကလည်း ကိုယ့်ကလေးကို အားမာန်တက်ကြွ၊
ရဲရင့်ရင်ဆိုင်နိုင်တဲ့သား၊ အနာဂတ်မာ ကိုယ့်ရဲ့ကုမ္ပဏီကို ရဲရဲဝင့်ဝင့်ဦးဆောင်နိုင်မယ့်သားမျိုးဖြစ်စေချင်တာ။"
ဦးသန့်ေအာင်မျက်မှန်ချွတ်လိုက်ကာ မိန်းမဖြစ်သူဘက်သို့မျက်နှာမူ၍
"အခုတော့အေးတိအေးစပ်၊နွဲ့နွဲ့နှောင်းနှောင်းနဲ့ ကိုယ့်မိတ်ဆွေတွေကို ဘယ်လိုမျက်နှာပြရမှာလဲ ကိုယ်လည်းမသိတော့ဘူး'' ဖတ်နေသောသတင်းစာကို စားပွဲပေါ်ချလိုက်သည်။
''အို...ရှင်ကလည်း၊ ခုသားလေးက ငယ်သေးလို့ပါ။ နောက်ဆို သူ့ပါသာ ပြုပြင်နေထိုင်တက်သွားမှာပေါ့''
ဒေါ်တင်စန်းသံပုရာရည်ခွက်ကို ဇွန်းဖြင့်မွှေပြီး ဦးသန့်အောင်ဆီသို့လက်ကမ်းလိုက်ကာဦးသန့်အောင်နှင့်မျက်နှာချင်းဆိုင်ထိုင်လိုက်သည်။''ငယ်သေးတယ် ၊ငယ်သေးတယ်...နဲ့ မင်းခုလို အလိုလိုက်လို့.....
အခုထက်ထိ မင်းသားက ဒီပုံစံအတိုင်းဖြစ်နေတာလေ။ အခုကိုးတန်းကျောင်းသားတောင်ဖြစ်နေပြီ မင်းက ငယ်သေးတယ်
လုပ်တုန်း။''''စန်းကတော့ စန်းမျက်လုံးထဲ သားလေးကို ကလေးလို့ပဲမြင်တယ်။သားဒီလိုအေးအေးဆေးဆေးနဲ့ နေထိုင်တာကိုစန်းသဘောကျတယ်။ ဒီခေတ်သူ့အရွယ်ကလေးတချို့ကိုကြည့်လေ လမ်းပေါ်မှာ ကောင်မလေးတွေနဲ့ အလေလိုက်၊ ဆေးလိပ်သောက်၊ ဂိမ်းဆိုင်သွားနေကြတာ။ ကျမတို့သားနဲ့ယှဉ်လိုက်ရင် ကျမဝမ်းသာတယ်။ သားကမိဘစကားနား မထောင်သာလည်းမဟုတ်ဘူးလေကိုအောင်။ သူကလိမ္မာပြီး စာကိုပဲအာရုံစိုက်တဲ့ကလေးဆိုသာ ကိုအောင်လည်းသိသားနဲ့''
YOU ARE READING
သက်တန့်တို့၏ အားမာန်
RomanceLGBTတွေက တစ်ခြားကမ္ဘာကလာတဲ့ဂြိုလ်သားမဟုတ်ပါ။ ခံစားတတ်သောနှလုံးသားရှိသည်။ သူတို့ရဲ့ပိုင်ဆိုင်ထားသောမမြင်နိုင်သည့်အရည်အချင်းများကိုယ်စီရှိကြသည်။ လူ့အဖွဲ့အစည်းတွင်တန်းတူနေထိုင်ခွင့်ရှိသည်။ " မင်းgayဆိုလည်း ကိုယ်ကချစ်တယ်။ ဒီပုံကိုကိုယ်သဘောကျတယ်သိလား...