Part 7-အမည်မသိရန်သူ။

6.8K 846 16
                                    

Unicode

"ငါမင်းရဲ့စကားကိုယုံပေးလိုက်မယ်!။အလိမ်အညာသာ မဖြစ်စေနဲ့။" အီရန်က စိုက်ကြည့်ကာသတိပေးလိုက်ပြီး မီးဖိုချောင်ဆီလျှောက်သွားတော့ လန်လေးက ခုနသူ့ဒယ်ဒီစားထားတဲ့ပန်းကန်တွေကိုဆေးဖို့လုပ်နေတာကို တွေ့လိုက်ရတယ်။

"လန်..၊သား..ဖေဖေလုပ်လိုက်မယ်။" အီရန်ကပြောပြီး ကောင်ကလေးကိုချီကာ ဘေစင်ရှေ့ကဖယ်လိုက်ပြီး သူ့လှေကာအပုလေးကို ဘေးကိုတွန်းလိုက်တယ်။ထိုအခါ လန်က ဟန်လုဆီပြေးသွားတော့ အယ်လ်ဖာက ကလေးကိုချီကာ ဧည့်ခန်းကိုလျှောက်သွားတယ်။ဧည့်ခန်းကဆိုဖာရှည်မှာ လန်နဲ့အတူထိုင်လိုက်ပြီးနောက် သူ့ရဲ့ လက်ကိုင်ဖုန်းကမြည်လာတော့တယ်။ဖုန်းသံကသိပ်မကျယ်ပေမဲ့ သူ့ဖုန်းဆိုတာသိလိုက်ပြီး ထိုအထူးသီးသန့်ထားတဲ့ဖုန်းသံမြည်လာတာကိုမကြိုက်ဘူး။

"လူ..မင်းရဲ့ဖုန်းမြည်နေတယ်လေ။" အီရန်ကပြောပြီး ဟန်လုဒီမနက်မအိပ်ခင်တုန်းကတင်ထားခဲ့တာဖြစ်မဲ့ စားပွဲပေါ်ကဖုန်းကိုကောက်ယူလိုက်တယ်။

"အိုး..ဟုတ်သားပဲ။ကျေးဇူးဘေဘီ။" ဟန်လုက ဖုန်းကိုယူလိုက်ပြီး ဖုန်းမျက်နှာပြင်ပေါ်မှာပေါ်နေတဲ့ ခေါ်ဆိုသူနာမည်ကိုကြည့်လိုက်တယ်။ပြီးနောက် စိတ်ထဲကျိန်ဆဲကာ အစိမ်းရောင်ခလုတ်ကိုနှိပ်လိုက်တယ်။

"ဘာကိစ္စလဲ?။" ဟန်လုက မျက်မှောင်ကြုတ်ကာ ဖုန်းကိုနားမှာကပ်လိုက်တာနဲ့တစ်ပြိုင်နက် မေးလိုက်တယ်။ပြီးနောက် သူ့အပေါ်အာရုံမရှိဘဲ အဝတ်လျှော်စက်နဲ့အလုပ်ရှုပ်နေတဲ့ အီရန်ကိုလှမ်းကြည့်လိုက်တယ်။ကျေးဇူးတင်စရာကောင်းတာက အီရန်က ဒီရာထူးထိရောက်အောင် ရေကုန်ရေခမ်းအလုပ်ကြိုးစားခဲ့တဲ့အတွက် တင်္နဂနွေနေ့ဆို နားရက်ရတယ်။တစ်ခါတလေ အရေးကြီးကိစ္စရှိရင်ဖုန်းခေါ်ခံရပေမဲ့ လန့်ကိုအိမ်မှာတစ်ယောက်တည်း တစ်ချိန်လုံးမထားခဲ့ရလောက်အောင်တော့ ကောင်းတဲ့အကူအညီဖြစ်ပါတယ်။

"သူ့ကိုဖုန်းဆက်ပြီးပြီလား?။" ဟန်လုက တစ်ဖက်ကလူကို ထပ်မေးလိုက်တယ်။ထို့နောက် စက္ကန့်အနည်းငယ်လောက်တိတ်နေပြီးတော့ လန့်ကိုကြည့်ကာသက်ပြင်းချလိုက်တော့တယ်။

ငါ့ယောကျာ်းကမာဖီးယားဘော့စ်[Myanmar Translation-Book 2]Where stories live. Discover now