Unicode
*********Jungkook တစ်ယောက်မနက်အေစာကြီးထပြင်ဆင်ပြီး အတွေးတွေယောက်ယပ်ခပ်နေရသည်။ မနေ့ညက ကလေးကိုကျောင်းသွားကြိုတော့ ကျောင်းသူလေးတွေပြောတာကိုကြားပြီး အိပ်မက်ထဲထိတောင်မက်နေလေသည်မို့ ဘယ်လောက်မအားအား ကလေးငယ်ကျောင်းသွားတဲ့ရက်ကိုတော့ ကြိုပို့ကို သူကိုယ်တိုင်လုပ်မည်ဟူ၍
ဒီနေ့ကလေးက ကျောင်းသွားမည်မို့ သူအစောကြီးထကာ ပြင်ဆင်နေရခြင်း
ပြင်ဆင်ပြီးတော့ကလေးငယ် ရှိရာအိမ်သို့လာလိုက်သည်။ ကလေးငယ်အိမ်ရောက်တော့ကလေးငယ်က အိပ်ယာတောင်မထသေးဘူးတဲ့ နာရီကိုကြည့်မိတော့မှဟုတ်သည် သူရောက်လာတာ မနက်6ခွဲသာရှိသေးသည်မို့ ကလေးငယ်ရဲ့အခန်းလေးစီ၀င်လာလိုက်သည်။ကလေးငယ်က အိပ်နေတာများချစ်စရာလေး စောင်ပုံကြီးထဲတွင်မြုပ်လို့နေသည်။ကလေးငယ်နားသွားကာဘေးမှာ၀င်လှဲလိုက်တော့ ကလေးငယ်က သူ့ရင်ခွင်ထဲတိုးလာသည်။ တအားချစ်ဖို့ကောင်းတဲ့ကလေးငယ် ကိုယ်လုံးလေးကိုဖတ်ကာ
Jk_" ကလေး ဒီနေ့ကစပြီးကလေးကျောင်းသွားတဲ့နေ့တိုင်းကိုယ်အပို့ အကြိုလုပ်ပေးမှာနော် ကိုယ်စိတ်မချဘူး" ဆိုတော့ကလေးကယ်က အိပ်ချင်မူးတူးပုံစံလေးနှင့်ရင်ခွင်ထဲမှမော့ကာ ကြည့်လာပြီး
Yg_" ဟင် ကိုကိုက အားလို့လား ကလေးဒီတိုင်းကိုယ့်ကိုယ်သွားလည်းရပါတယ်"ဆိုတော့
Jk_" ကိုယ်စိတ်မချဘူးကွာ မနေ့ကလိုဖြစ်ရင်ဘယ်လိုလုပ်မလဲ နော် ကိုယ်လိုက်ပို့မယ်လေ" ဆိုပြီးပြောလေသည်မို့ လက်ခံလိုက်ရသည်။ ပိုကောင်းတာပေါ့မဟုတ်ဘူးလား ကိုယ့်ချစ်သူက ကိုယ့်ကိုလိုက်ပို့တာ
ခဏကြာတော့ ကလေးငယ်ကအိပ်၍မရတော့သည်ထင် ထကာ ရေချိုးခန်းထဲ၀င်သွားလေသည်
သူလည်း ထကာ ကလေးငယ်တို့အိမ်က မီးဖိုချောင်ထဲ၀င်ကာ ကလေးအတွက်မနက်စာပြင်နေလိုက်သည်။မနက်စာကတော့ရိုးရိုးရှင်းရှင်းပင် ကလေးကြိုက်တဲ့ ကော်ဖီခါးလေးနဲ့ ထမင်းလိပ်လေးရယ် ပေါင်မုန့်မီးကင်ကို ယိုသုပ်ထားတာလေးရယ်သာ
ကလေးငယ်ကပြင်ဆင်ပြီးအောက်သို့ဆင်းလာကာ ကျွန်တော့်ကိုတွေ့တော့ ရင်ခွင်ထဲသို့အပြေးလေးလာကာ ဖတ်ထားသည်မို့ တစ်ချက်ရယ်လိုက်မိသည်။ နေ့တိုင်းမတွေ့ရတာမဟုတ်ပဲနဲ့ကလေးငယ်ကချွဲနေသည်လေ
အဲ့လိုပြောလို့ကျွန်တော်သဘောမကျဘူးထင်နေလား မှားသွားပါမယ်နော် တအားတွေကိုသဘောကျတာမို့
KAMU SEDANG MEMBACA
Yoonie's Ko Ko (Completed)
Fiksi Penggemarဘ၀မှာမထင်မှတ်ထားတာတွေလည်းဖြစ်လာနိုင်တာပဲ ဥပမာ ကျွန်တော်ကyoonieကိုညီအစ်ကိုသံယောဇဉ်ထက်ပိုမိသွားတာမျိုး