Chapter [3]

226 31 5
                                    

Unicode

ညနေ 4 နာရီလောက်မှ Rowen နန်းတော်မှပြန်ထွက်လာဖြစ်သဖြင့် သူတို့တည်းခိုသည့် စံအိမ်ကိုပြန်ရောက်ချိန်က 8 နာရီလောက်ရှိနေပြီဖြစ်သည်။

ကားပေါ်က ဆင်းဆင်းချင်း ဖျော့တော့‌နေသော အသံဖြင့် ညည်း"ညူ" ဆိုလာခြင်းဖြစ်သည်။

"မင်းတို့တော့ မသိဘူး ငါတော့ တအားပင်ပန်းနေပီ
အားဖြည့်မှရတော့မယ်"

"အခုမှအစောကြီးရှိသေးတာ အိပ်တော့မလို့လား"

"ဒီချိန်ကြီး အိပ်စရာလား ဂျေးရာ... ငါပြောတဲ့အားဖြည့်တာဆိုတာ မုန့်စားဖို့ကိုပြောတာ"

"မင်းဟာကလဲ ကားပေါ်မှာလဲ တစ်လမ်းလုံးတစ်ချက်မှအနားမပေးဘဲစားလာတာကို...ခုလဲထပ်စားဦးမယ်ပေါ့"

"နားညီးတယ် ဂျေးရာ...ငါ့ဘာသာ စားနိုင်လို့ စားတာကို"

"အေး စားတာကပြီး‌ရော အခန်းထဲသာ သယ်မလာနဲ့ အနံ့ထွက်တယ်"

"အာအီဂူးး ရှင်းဂျယ်ယွန်းရေ မင်းဘ၀ကလဲ တကယ့်ကို မကောင်းတဲ့ roommate ကိုရထားတာပါပဲလား ဟူးး"

"ဒါနဲ့ ဟီဆွန်း မင်းရောစားဦးမှာလား??"

"အင်း စားမယ် အခုတော့ ရေချိုးလိုက်ဦးမယ်"

"အိုကေ အာ မေ့တော့မလို့ ငါတို့အဘိုးဆီက မီးဖိုချောင်သုံးဖို့ ခွင့်တောင်းရဦးမှာပဲ မင်းပြောပေးမလား"

"ကောင်းပြီလေ ငါပြောလိုက်မယ်"
.
.
.
အိုင်ရှင်အဘိုးရဲ့အခန်းက လှေကားဘေးကအခန်းဖြစ်တာကြောင့် ဟီဆွန်းဟာ သူလဲအပေါ်တက်မဲ့အတူတူ တခါထဲသွားပြောဖို့စိတ်ကူးလိုက်သည်။

တံခါးခေါက်ဖို့လုပ်ပေမဲ့ ပွင့်ဟနေတဲ့အခန်းတံခါးကြောင့် အထဲမှာ ဆောင်ဟွန်းက အိမ်ရှင်အဘိုးအိုကို ဆန်ပြုတ်တိုက်နေရင်းရယ်"မော"စကားဆိုနေတာကို တွေ့လိုက်ရသည်။

"အော် သားတို့တောင်ပြန်ရောက်နေပြီပဲ...ဘာလို လို့လဲကွယ့်"

*မနက်က ကောင်လေးပါလား...ထိုကောင်လေးနဲ့ အဖိုးကဘယ်လိုပတ်သတ်နေကြတာပါလိမ့်??
မြေးအဘိုးများလား??အဲ့လိုဆိုလဲ အတူတူနေရမှာပေါ့...မသိတော့ဘူး သေချာတာတော့ ဒီကောင်လေးက သိပ်စိတ်၀င်စားစရာကောင်းသလို အန္တရယ်များတယ်ဆိုတာပဲ"

FATE Where stories live. Discover now