Part 8-သေလူလိုပဲ နှုတ်ဆိတ်နေတုန်း။

6.2K 829 10
                                    

Unicode

ဒန်နီရယ့်ကိုသန့်ရှင်းကာ အဝတ်စားဝတ်ပေးပြီးနောက် လောင်ထရန်းလည်းရေအမြန်ချိုးလိုက်တယ်။ပြီးတဲ့အခါ လွမ်မင်လေးကအိပ်ရာကနိုးနေပြီး သူ့ဘာသာဆော့နေတာကိုတွေ့လိုက်ရတယ်။ဒါပေမဲ့ ကောင်ကလေးက လောင်ထရန်းကိုမြင်လိုက်တာနဲ့ "ဒယ်ဒယ်" လို့ခေါ်ကာ ခြေလက်ကလေးတွေမြောက်ပြပြီး သူ့ဒယ်ဒီကိုချီခိုင်းတော့တယ်။
ဒါကြောင့် လောင်ထရန်းလည်း ကလေးကိုချီကာ ကုတင်ဆီလျှောက်သွားပြီး အိပ်စက်နေတဲ့ ဒန်နီရယ့်ပုံရိပ်လေးကို ကြည့်နေတယ်။

"ပါးပါး..၊အိပ်နာရား?။" နှစ်ယောက်သား ဒန်နီရယ့်ကိုကြည့်နေတုန်း ကောင်ကလေးက လက်နှစ်ဖက်နဲ့သူ့ဒယ်ဒီလည်ပင်းကိုသိုင်းဖက်ကာ ရေရွတ်လာတယ်။

"ဟုတ်တယ်..၊ပါးပါး အိပ်နေတာ။" လောင်ထရန်းက ပြန်ဖြေတယ်။

"မင်မင် ကချားချင်ရယ်။" ကောင်ကလေးက ထပ်ပြီးရေရွတ်တယ်။သူ့ရဲ့နေ့လည်တရေးအိပ်ချိန်က ပြီးသွားပြီဆိုရင် အခုလိုချိန်ဆို သရေစာစားပြီး ဆော့နေကျ။အိမ်မှာ ဒန်နီရယ်နဲ့လွမ်မင်လေးနှစ်ယောက်တည်းရှိတဲ့အခါဆို ဒါကသူ့ရဲ့နေ့စဉ်လုပ်ငန်းစဉ်ဖြစ်တယ်။အဆာပြေမုန့်စားပြီးရင် ဒန်နီရယ်က သူ့ကို ဧည့်ခန့်အလယ်ကနေရာလေးမှာချပေးကာ ဘေးနားကိုအကာအရံလုပ်ပေးထားတယ်။တစ်ခါတလေကျရင် အိုမီဂါလေးက ကလေးနဲ့အတူဆော့ပေးတယ်။ဒါမှမဟုတ် ကောင်ကလေးဆော့နေတာကိုမြင်နိုင်မဲ့ ခပ်ဝေးဝေးတစ်နေရာမှာ ထိုင်ကာ ပန်းချီဆွဲနေတာမျိုးလုပ်မယ်။

"ဒယ်ဒီနဲ့ကစားမလား?။" လောင်ထရန်းကကမ်းလှမ်းလိုက်တော့ ကောင်ကလေးကစိတ်အားထက်သန်စွာနဲ့ ခေါင်းညိမ့်ပြတယ်။လွမ်မင်လေးက သူ့ရဲ့ကမ်းလှမ်းမှုကြောင့် ပျော်ရွှင်နေတာကိုမြင်ပြီး လောင်ထရန်းကဒန်နီရယ့်နားတိုးကပ်ကာ ငုံ့ကိုင်းလိုက်တယ်။

"ပါးပါးကို အရင်နှုတ်ဆက်အနမ်းပေးလိုက်ဦး။" လောင်ထရန်းပြောတော့ လွမ်မင်လေးကဝမ်းသားအားရနဲ့ ဒန်နီရယ့်ပါးတစ်ဖက်ကို သူ့နှုတ်ခမ်းသေးသေးလေးနဲ့ ပြွတ်ခနဲမြည်အောင်နမ်းလိုက်တော့တယ်။

"တာ့တာ။" လွမ်မင်လေးက လက်ကိုဝှေ့ယမ်းပြလိုက်ပြီးနောက် လောင်ထရန်းကသူ့ကိုချီခေါ်သွားတယ်။ထို့နောက် ထိုနှစ်ယောက်က မင်မင်လေးဆော့ဖို့လုံခြုံအောင် ကြမ်းပြင်မှာနူးညံ့တဲ့ဖျာတွေခင်းထားတဲ့ ကစားခန်းဆီကိုသွားကြတယ်။

ငါ့ယောကျာ်းကမာဖီးယားဘော့စ်[Myanmar Translation-Book 2]Nơi câu chuyện tồn tại. Hãy khám phá bây giờ