Heart Broken

495 38 3
                                    

Unicode

ကလေးတွေအခန်းရှေ့ကဖြတ်လျှောက်ရင်းနဲ့ ကြားလိုက်ရတဲ့စကားတွေကြောင့် သူ့ ခြေလှမ်းတွေရပ်တန့်ကုန်သည်

"Daddy ပါးပါး က ဒီကို အပြီးပြန်လာ‌တာလား "
မျက်ရည်တွေနဲ့ မေးလာတဲ့သမီး

အနှိုင်းမဲ့ ထောင်ကျနေတာကိုမီးမီးသိတယ် နှိုင်း နဲ့သွားတွေ့တိုင်း သားကသာလိုက်လာတာ မီးမီးက တစ်ခါမှ မလိုက်ဘူး မလိုက်ချင်ဘူး မတွေ့ရဲဘူး ကြောက်တယ် တယ်ပဲပြောပြီး
အမြဲငြင်းတတ်တဲ့ကလေး သူကြောက်နေမှာကို မ‌မေးပဲနဲ့ သိနိုင်တယ်

"ဟုတ်တယ်လေမီးမီးလေးရဲ့ daddy တို့မိသားစု စုံစုံလင်လင်အတူနေရအောင် အရင်လိုမဟုတ်ဘဲနဲ့"

"ဟင်အင့် မနေဘူး ပါးပါး ဒီအိမ်မှာ နေရင်
မီးမီးဒီမှာမနေတော့ဘူး ဘွားဘွားဆီပို့ပေး
အဟင့် အဟင့် ပါးပါးကို ကြောက်တယ်
မနေရဲဘူး ဒီမှာ အဟီးးးးအဟီးးးးး "

"မီးမီး ဒီမှာ ဒက်ဒီ့ကိုကြည့်"
ဝသာန် သူ့သမီးမျက်ရည်တွေကို လက်ခုံနဲ့သုတ်ရင်း

"ပါးပါးကလေ အရင်လိုမဟုတ်တော့ဘူးမီးမီးရဲ့ မီးမီးကိုလဲ မရိုက်တော့ဘူးလိမ္မာတယ် ဒီမှာပဲ ဒက်ဒီတို့နဲ့ အတူနေနော် တိတ် တိတ်
မငိုနဲ့ ငိုရင် ရုပ်ဆိုးလိမ့်မယ်"

"ဟင်အင့် မွေးနေ့တုန်းကတောင် ပါးပါးမီးမီး ကိုချီသေးတာပဲ မီးမီးမှာ တအားကို ပျော်သွားတာ ဒါပေမယ့်အဲဒါလဲခဏပါပဲ နောက်တော့ မီးမီးကို ပါးပါးသတ်ဖို့လုပ်တယ် "

အင့် အင့်

"မီးမီးလေ သော်ကဘဝနဲ့တုန်းက ပါးပါးသတ်လိုက်တာတောင် မမုန်းနိုင်ပဲ ပါးပါးသမီးအဖြစ်လာဝင်စားတာက သူ့သမီးဆို ချစ်တန်ကောင်းပါရဲ့ဆိုတဲ့အတွေးနဲ့ လာခဲ့တာ မီးမီးမှားသွားတယ် အဟီး အဟီး အင့် အင့် "

"မီးမီး သိတယ် မီးမီး ဘယ်ဘဝ ရောက်ရောက် daddy ဘေးနားမှာရှိနေသမျှကာလပတ်လုံး ပါးပါးက လိုက်သတ်နေမှာပဲ daddy မီးမီးကြောက်တယ် ဘွားဘွားဆီပဲပို့ပေးပါနော် please ပါးပါးနဲ့တစ်အိမ်ထဲ မနေရဲဘူး
please daddy please "

လက်ဝါးနှစ်ဖက်ကို လက်အုပ်လေးချီသလို အချင်းချင်း ပွတ်ရင်း ပြောလာတဲ့ သမီး

🌿အကြင်နာလက်တစ်ကမ်း🌿 ( 🌿အၾကင္နာလက္တစ္ကမ္း🌿)Where stories live. Discover now