Prologue

60 3 0
                                    

{Unicode}

ကောင်းကင်ယံမှာ တလက်လက်နဲ့လှပနေတဲ့ ကြယ်တွေကို ငေးမောနေချိန်…
မိုးစက်ငယ်ဖွားဖွားတွေကို လက်နှစ်ဖက်နဲ့ ခံယူနေတဲ့အချိန်…
Happy Ending ဖြစ်သွားတဲ့ ဇာတ်လမ်းတစ်ပုဒ်ကို ကြည့်နေချိန်…
အရသာရှိလွန်းတဲ့ အစားအသောက်တစ်ခုခုကို မြည်းစမ်းနေတဲ့အချိန်…။

အဲ့လိုအချိန်တိုင်းမှာ တစ်စုံတစ်ယောက်က ဂျယ်ယွန်းအတွေးထဲကို အမြဲစိုးမိုးလာတတ်ရဲ့။
သူကလား…အချစ်ဦးဆိုတဲ့ နာမ်စားကိုပိုင်ဆိုင်ထားသူ အီဟီးဆွန်းလေ။ ဂျယ်ယွန်းအခေါ်အရတော့ ကိုကိုပေါ့။

အချစ်ဦးဆိုတဲ့နာမ်စားက အဲ့လောက်ထိနစ်ဝင်စေမယ်ဆိုတာကိုသာ ဂျယ်ယွန်း ကြိုသိခဲ့ရင်လေ…

ကြိုသိခဲ့မယ်ဆိုရင်လည်း အဲ့ဒီနာမ်စားကိုအစိုးရသူက ကိုကိုပဲဖြစ်နေလိမ့်မှာ…

                       ~~~~~~~~~

{Zawgyi}





                       ~~~~~~~~~

DATSUZOKU Where stories live. Discover now