အစ်ကို့အကြိုက်တွေက ထူးဆန်းတယ်။
လက်ထက်ပြီးတဲ့နောက်ပိုင်း ကျွန်တော်အစ်ကို့ကို ပိုသိလာခဲ့ရတာက..အစ်ကိုက စျေးကြီးတဲ့အရာတွေကို မကြိုက်ဘူး..
ဟင်းကောင်းကောင်းတွေမကြိုက်ဘူး..
သရေစာမကြိုက်ဘူး...
အဝတ်စားအကောင်းတွေမကြိုက်ဘူး...
ကျွန်တော့်ကိုတော့ ကျောင်းမှာမျက်နှာငယ်မှာစိုးလို့..
ကြက်သားနဲ့ထမင်းချိုင့်ထည့်ပေးတတ်တဲ့အစ်ကိုက
သူကတော့ ငါးပိရည်၊တို့စရာနဲ့ ထမင်းခြမ်းတစ်ခဲဆို စားလို့မြိန်ပါသတဲ့..ဟောင်းနွမ်းနေတဲ့အအင်္ကျီသုံးထည်လောက်ကိုပဲ
ခဏခဏလျှော်ပြီးဝတ်တတ်တဲ့အစ်ကို..
အရောင်ကျနေသည့် ပုဆိုးနဲ့
အတော်စုတ်နေပြီဖြစ်သည့် ဘောင်းဘီတစ်ထည်ကိုသာ
ထပ်တလဲလဲပြန်ချုပ်ကာ ဝတ်တတ်တဲ့အစ်ကိုကျွန်တော့်အတွက်ဆို တစ်သောင်းလောက်ကို ချက်ချင်းပေးလိုက်ရမှာ မနှမြောတတ်တဲ့အစ်ကိုက.
သူ့ဝမ်းသူတော့ တစ်ရာတောင် မသထာခဲ့။အလုပ်မရှိမရှိရင်မနေတတ်ဘူးလို့ဆိုပြီး
အပြင်အလုပ် ငွေရှာတာမှအစ
အိမ်အလုပ် အဝတ်လျှော်ထမင်းချက်အဆုံး
ပင်ပန်းတာမှန်သမျှသူပဲလုပ်တတ်တယ်။"အငယ်က စာပဲကျက်ရမှာ..
ပညာတတ်ကြီးဖြစ်လာမှ အစ်ကို့ကို ပြန်လုပ်ကျွေးပေါ့"တဲ့..ဒါက အိမ်အလုပ်တွေကူလုပ်ပေးမယ်ပြောတိုင်း
အစ်ကိုကျွန်တော့်ကိုပြောနေကြစကား...အဆင်မပြေတဲ့ မိသားစုက ပေါက်ဖွားလာတဲ့ အစ်ကိုက
မိဘတွေကိုလွန်ဆန်ပြီး အစ်ကို့နောက်လိုက်လာတဲ့ ကျွန်တော့်ကို
တကယ်ချစ်မြတ်နိုးရှာတယ်။မိဘအိမ်လောက်ပြည့်ပြည့်စုံစုံမနေရပေမယ့်
ကျွန်တော့်မိဘတွေထပ် မနိမ့်ကျတဲ့ဘဝမျိုးအစ်ကိုကထားတယ် ။
လောကဓံရဲ့ရိုက်ခတ်မှုဒဏ်ကို သူတစ်ယောက်တည်းခါးစီးခံပြီး
ကျွန်တော့ကိုတော့ သက်တောင့်သက်သာစာသင်ပါတဲ့လေ
ဘယ့လောက်အတ္တကြီးလိုက်တဲ့အစ်ကိုပါလဲ...ခဏခဏချစ်မြတ်နိုးပါကြောင့် ထုတ်မပြောတတ်ပေမယ့်
အစ်ကိုကျွန်တော့်ကိုဘယ်လောက်ထိချစ်ကြောင်း ကျွန်တော်သိတယ်။