Hello ဒီတစ်ခါ အမှာစာကတော့ အပေါ်မှာပါ ဟဲဟဲ
အပြင်မှာလိုမဟုတ်ဘဲ ဒီမှာ JH ကို အငယ်နေရာထားထားပါတယ်
ရှေ့အပုဒ်က Reality နဲ့ နီးစပ်ပေမဲ့ ဒီအပုဒ်ကတော့ Fiction ဆန်နေပါလိမ့်မယ်
ဘာရယ်မဟုတ်ပါဘူး မှာချင်တာက ဒါပါပဲ .........
TW// Killing, Blood , Physical Pain
"သူကလည်းနော် ဘယ်လိုလုပ်များ ကိုယ့်ဇနီးနဲ့ ကိုယ့် သားကို ပြန်သတ်နိုင်ရတာလဲ"
"ကိုယ်လည်းမသိတော့ဘူးကွယ် အရင်တုန်းက သိခဲ့တဲ့ ကိုယ့်သူငယ်ချင်းက အဲ့ဒီလိုမဟုတ်ဘူး
ခုမြင်နေကြားနေရတာတွေက ကိုယ်လုံးဝမသိခဲ့တဲ့ သူ့ပုံစံပဲကွာ သူ့ဇနီးဖောက်ပြန်တာကိုတော့ သူကိုယ့်ကိုပြောပြဖူးတယ် ဒါပေမဲ့ ဒီလောက်ထိ ဖြစ်မယ်မထင်ခဲ့ဘူး "
ဖေဖေနဲ့မေမေ အိပ်ခန်းထဲမှာ စကားပြောနေကြခြင်းကို Shua ခိုးနားထောင်နေခြင်းဖြစ်သည်။
မျက်လုံးလေးများက ဝိုင်းစက်လာကာ ပါးစပ်လေးကိုအသံမထွက်အောင် လက်သေးသေးလေးနှင့် အုပ်ထားမိသည်။ ငါးနှစ်အရွယ် သူ့အတွက် ဒီစကားများကြားရခြင်းမှာ တော်တော် ထိတ်လန့်စရာကောင်းနေသည်။
" သူက ဒီကလေးလေး မသေသေးလို့ ကျေနပ်တဲ့ပုံ မပေါ်ဘူးနော် တို့တွေ ကြီးလာရင် သူ့ကို ဒီမှာ ဆက်မထားဘဲ အဝေးကိုပို့ရမယ်"
"မွေးစားဖို့ လက်ခံပေးတာကိုပဲ ကိုယ့်မိန်းမကို ကျေးဇူးတင်နေတာ ဒီလောက်ထိတောင် တွေးပေးနေတာ တကယ့် နတ်သမီးလေး ကိုယ့်မိန်းမက"
"တော်ပါ"
ဖေဖေပြောသည့် ညီလေးတစ်ယောက် ရောက်လာမည်ဆိုတာ သူပဲဖြစ်လိမ့်မည် ။
ကြမ်းပြင်ပေါ် ကျနေသည့် စောင်ကို ကိုယ်လုံးသေးသေးလေးပေါ် ပတ်ပြီး တင်လိုက်ရင်း ခြေဖွကာ သူ့အခန်းထဲဝင်ခဲ့လိုက်တော့သည်။
သူ့ခေါင်းထဲတွင် မေမေလုပ်ပေးသည့် ချောကလက်ဝေဖာအား ထိုကောင်လေးနှင့်မျှစားရမဲ့ အရေးတွေးပြီး ထိုနေ့က ဖေဖေနဲ့ မေမေကို နည်းနည်းတော့ စိတ်ဆိုးနေမိခဲ့သည်။