လော့ရန် လူလိမ်

1.2K 179 2
                                    

ဘေကျင်းမြို့။

လူတစ်ယောက်ဟာ ဘဏ်တစ်ခုထဲမှ ပိုက်ဆံအထပ်လိုက်ကိုင်ကာ ထွက်လာ​၏။ ပြီးနောက် သူ​၏ ဆိုင်ကယ်ရှိရာသို့သွားပြီး ဆိုင်ကယ်ကိုယ်ထည်ရှိ အံဝှက်ထဲသို့ ပိုက်ဆံကို ထိုးထည့်လိုက်သည်။

ဒီလဆို ဝမ်ရိပေါ် ဘေကျင်းရောက်လာတာ တစ်နှစ်တောင်ကျော်ပြီ။ လော့ရန်နယ်မှာမွေးပြီး အဲ့မှာပဲကြီးပြင်းသည်။ လော့ရန်ဆိုတာ ဝမ်ရိပေါ်​၏ ပင်မ ထမင်းအိုးကြီးဆိုလည်းမမှား။ လော့ရန်နယ်က လူတွေ ဝမ်ရိပေါ်ဆီမှာ အလိမ်မခံရဖူးတာ မရှိ။ တချို့ကတောင်ပြောလိုက်သေး​၏။ ဝမ်ရိပေါ် ဆီမှာ အလိမ်မခံဖူးတဲ့သူက ခေတ်မမီဘူးတဲ့။

ထိုသို့ မွေးရပ်မြေမှာ လုပ်စားလို့တောင် မရတော့အောင် လူတကာကို ပတ်လိမ်ခဲ့တဲ့ ဝမ်ရိပေါ်ဟာ ရေကြည်ရာမြက်နုရာဆိုသလို ဘေကျင်းမြေပေါ်ပြောင်းရွေ့ကျက်စားသည်။ ဘေကျင်းဆိုတဲ့ မြို့ပြကြီးက လည်လည်ပတ်ပတ်ရှိတဲ့ ဝမ်ရိပေါ် အဖို့တော့ ခွင်ကောင်းကောင်းတွေရှိတဲ့နေရာ။ အခုတောင် လူတစ်ယောက်ကို လိမ်ပြီး ရလာတဲ့ ပိုက်ဆံကို ဘဏ်ကနေတောင် ထုတ်ယူလာခဲ့ရတာ။

ဝါရင့်လူလိမ်ဆိုတော့ အရမ်းအတော်ကြီးတော့ မဟုတ်။ အလိမ်ခံရတဲ့လူတွေကသာ နုံအလွန်းတာ။ ဝမ်ရိပေါ်ရဲ့ ပစ်ချက်တွေက မအူမလည်လူတွေကိုသာ။ ဥပမာ အခုသူ့မြင်ကွင်းထဲဝင်လာတဲ့ လူတစ်ယောက်လိုပေါ့။

ဝမ်ရိပေါ် ဆိုင်ကယ်စက်နှိုးလိုက်ပြီးမှ လူကူးမျဉ်းကျားမှာ မယောင်မလည် ဟိုလျှောက်ဒီလျှောက် လုပ်နေသည့် လူတစ်ယောက်ကို တွေ့လိုက်သည့် အခါ နေကာမျက်မှန်ကို ချွတ်လိုက်ပြီး သူ​၏ လည်သာ ဂျာကင်ကို ပြင်ဝတ်လိုက်​၏။ ထို့နောက် ဆံပင်ကိုလည်း လက်နဲ့ ထိုးသပ်ကာ ဟန်ပါပါဖြင့် ယောင်ချာချာဖြစ်နေသည့် လူအနီးသို့ လျှောက်သွားလိုက်သည်။

ဝမ်ရိပေါ် အတတ်သိ​၏။ ဆာလာအိတ်ကို ဝါးလုံးနဲ့ လျှိုသယ်လာတဲ့ သူဟာ ပိုက်ဆံတွေ အထပ်လိုက်ပါလာမယ်ဆိုတာပေါ့။ ထိုသူ့အနားသို့ ဝမ်ရိပေါ်ရောက်သောအခါ ပုခုံးကို လက်နဲ့ သွားပုတ်လိုက်ပြီး...

"ဟေ့ ငနဲ...လူကူးမျဉ်းကျားမှာ ရှေ့လျှောက်နောက်လျှောက်ဘာလုပ်နေတာလဲ..."

ချုံချင်းလူမိုက်ကြီး Where stories live. Discover now