Episode - 1(Zaw gyi)

1.1K 22 0
                                    

ကျောင်းသားတိုင်းမိဘများထံမှ ကြားနေကျစကားတစ်ခွန်းရှိခဲ့သည်။"ဆယ်တန်းအောင်ရင် ကိုယ့်ဘ၀ကိုယ်ပိုင်ပြီ ကြိုက်တာလုပ်"ဟူ၍ပင်။အမှန်စင်စစ် တက္ကသိုလ်ဝင်တန်းဟူသောစာမေးပွဲက ဆယ်ကျော်သက်လူငယ်များအတွက် အခြေခံပညာရေး၏အမြင့်ဆုံးအဆင့်ဟုခေါ်နိုင်သည်။ဆယ်တန်း၌ကံကောင်း၍အောင်လာသူများ၊အပတ်တကုပ်ကြိုးစား၍အောင်လာသူများ၊ကြိုးစားရင်းရှုံးနိမ့်ခဲ့ရသူများ၊ဇွဲမလျော့ပဲ ဘုရင့်နောင်ဖောင်ဖြတ်စိတ်ဓာတ်ဖြင့်ဖြေဆိုနေကြသူများ စသည်ဖြင့် တက္ကသိုလ်ဝင်တန်းဟူသောအရာက သက်မဲ့အရာဖြစ်သော်လည်း သက်ရှိတို့၏ပါဝင်လှုပ်ရှားမှုဖြင့်တစ်နှစ်ပြီးတစ်နှစ်လည်ပတ်လာခဲ့ပေပြီ ~~~~~~~

           တက္ကသိုလ်ဝင်တန်းဟူသောပြဇာတ်ကြီးတစ်ပုဒ်တွင် ဘ၀ကိုတိုးတက်အောင်မြင်လိုကြသောမင်းသားမင်းသမီးတို့ကကျရာဇာတ်ရုပ်ဖြင့်ပီပြင်အောင်ကပြကြရပေသည်။ထိုပြဇာတ်ကြီးတွင် အချစ် အလွမ်း အငို အဆွေး အသော စသည့်ရသများလည်းပါဝင်နေပေသည်။ဘ၀ဟာဇာတ်လမ်းတစ်ပုဒ်ဖြစ်ခဲ့ပါမူ အချစ်သည်ကားဇာတ်ဝင်ခန်းတစ်ခုတော့ဖြစ်ခဲ့ပါလိမ့်မည်။

         ရာသီဥတုမှာအလွန်တစ်ရာကောင်းမွန်နေသည့် Juneလ၏ နေ့လည်ခင်းတစ်ခု.....။မြန်မာဝတ်စုံအစိမ်းဝမ်းဆက်ကလေးကိုဝတ်ကာ ပတ်ဝန်းကျင်ကိုကြောင်စီစီကြည့်နေသည့် မိန်းကလေးတစ်ဦး။ထိုမိန်းကလေးမှာ ဂုတ်ကျော်ကျော်ဆံပင်လေးနှင့်သနပ်ခါးဘေးကြားရိုက်လိမ်းထားလေသည်။အရှေ့ဆံပင်ကိုလည်း ဆံညှပ်အကြီးကြီးဖြင့်ဆွဲညှပ်ထားလေသည်။ထိုမိန်းကလေးသည် ဘေးပတ်ဝန်းကျင်ကို ဂရုမစိုက်သည့်ဟန်ဖြင့် ခြံဝင်းတစ်ခု၏အ၀င်ဝကိုသာ စူးစူးစိုက်စိုက်ကြည့်နေသည်။

         သူမကား ခန္ဓာကိုယ်ပိန်ပိန်းပါးပါး အရပ်ပုပုကလေးပင်ဖြစ်၍ မသိလျှင် ခြောက်တန်းကလေးနှင့်တူလေသည်။ထိုမိန်းမပျိုလေး၏ အမည်ကား "မေအဂ္ဂါနိုင်"။သူမ၏မိခင်နှင့်ဖခင်မှာ သူမအလယ်တန်းကတည်းကကွဲသွား၍ သူမမှာအမေတစ်ခုသမီးတစ်ခုဘ၀ကလေးပင်။အမေ၏စောင့်ရှောက်မှုအောက်၌ ယခုကဲ့သို့ကြီးပြင်းလာရပေသည်။မေကငယ်စဉ်အခါကဖခင်နှင့်ပတ်သတ်၍ရရှိခဲ့သော စိတ်ဒဏ်ရာကြောင့် ယောင်္ကျားဆိုလျှင်ခြင်ကျားကိုပင်မမြင်ချင်လောက်အောင်မုန်းတီးနေသူပင်။

ငယ်သူ့ချစ်ခြင်းအပြစ်ရှိသော်(Completed)Nơi câu chuyện tồn tại. Hãy khám phá bây giờ