Semနှစ်ခုစာလောက်တိတ်ဆိတ်သွားသည့်ဆက်ဆံရေးတွင် အေးစက်မှုအတိုင်းအတာကလည်းပို၍ထူထဲလာသည်။မေကလည်း Second yearရောက်သောအခါ သူမနှင့်အတူမသွားတော့ပဲ ဂျုလိုင်တို့နှင့်အတူ ferryနှင့်ပင်ကျောင်းတက်တော့သည်။ဂျုလိုင်တို့နှင့်အတူ ဟိုသွားဒီသွားလုပ်ရင်း တစ်ခါတစ်ရံတော့သူမကိုသတိရမိပါသည်။
Second yearတွင် မေတို့အခန်းကိုသူမမသင်ရပါ။ထို့ကြောင့်မေနှင့်ပို၍ပင်တွေ့ရနည်းသွားလေသည်။အမည်မသိအကြောင်းရင်းပေါ်အခြေခံ၍ဝေးကွာသွားခြင်းအပေါ် ထိုသူတို့ကိုယ်တိုင်လည်းအဖြေရှာဖို့မစဉ်းစားခဲ့ကြပေ။ဤသို့ဖြင့်ရက်လနှစ်များရွေ့ပြောင်းလာသောအခါ မေ Finalကိုရောက်လာခဲ့သည်။ကြားထဲတွင်အေးစက်သွားခဲ့သော မေတို့နှစ်ယောက်မှာ သုံးနှစ်ကျော်အကြာတွင်ပြန်ဆုံရမည့်အကြောင်းရှိလာသည်။အဘယ့်ကြောင့်ဆိုသော် မေတို့ Finalတွင်သူမပြန်သင်ရပေမည်။
မေရောသူမပါမတွေ့ဖြစ်ကြသောနှစ်များတွင် တစ်ယောက်ကိုတစ်ယောက်ကွယ်ရာမှာကြိတ်လွမ်းဆွတ်နေကြသော်လည်း နှစ်ယောက်သားတွေ့လိုက်လျှင် ဒဇောင်းစေးနှင့်မျက်ချေးကဲ့သို့ နည်းနည်းလေးမှကိုသဟဇာတမဖြစ်ပေ။ကိုယ်ကသူ့ကိုမမြင်ချင်ယောင်ဆောင် သူကကိုယ့်ကိုမမြင်ချင်ယောင်ဆောင်ရင်းနှင့်ပင် အချိန်များကရွေ့လျားလာခဲ့သည်။
Finalသို့ရောက်သောအခါ အလှသွေးကြွယ်သည့်အရွယ်ပီပီတစ်နေ့တစ်ခြားပိုလှလာသည်။မေ့ဘေးတွင်ဒူးထောက်ခစားချင်ကြသော ယောင်္ကျားတို့မှာဒုနှင့်ဒေးပင်။မေကလည်းထိုယောင်္ကျားများထဲတွင် ဥက္ကာနှင့်သာတတွဲတွဲလုပ်ခဲ့သည်။ထိုသို့တွဲသွားတွဲလာလုပ်ရခြင်းမှာလည်း သူ့တီချယ်ကိုအရွဲ့တိုက်ချင်၍ဖြစ်သည်။ပစ်ထားမှတော့နေချင်သလိုနေပစ်လိုက်မည်ဟူသောအချိုး.........
Final တက်နေရင်းဥက္ကာနှင့်မေမှာတတွဲတွဲတွေ့ရလေသည်။တစ်ခါတစ်ရံသူမနှင့်ပင်ပက်ပင်းတိုးတတ်သည်။
"ဟာ တီချယ်မူယာ"
"အေး သား"
"စာတွေလိုက်နိုင်လား သား"