part 23

46 10 1
                                    

မနက်ခင်းညီလာခံမှာနတ်တွေစုဝေးနေပြီး
အရင်ချိန်များနဲ့မတူသည်က
ဆက်ခံသူသားနှစ်ယောက်အပြင်
နဂါးမင်းကြီး ၏သားတော်
ပန်းဇနီးမောင်နှံ
တို့၏သားတော်တို့ပါရှိနေလေသည်

"ကိုယ်တော် လူပြည့်မှာ မကောင်းဆိုးဝါးတွေသောင်းကျန်းနေကြောင်းသတင်းရထားတယ် လူသားတွေကိုငြိမ်းချမ်းစေဖို့
သူတို့ကိုနှိမ်နင်းဖို့လူပြည့်ကိုသွားရမယ်"

ထိုအခါအောက်ရှိနတ်များမှာ သူတို့ကိုရွေးမှာဆိုး၍ရှောင်ဖယ်သွားကြလေသည်

ဒါကိုနတ်မင်းကပြုံးလိုက်သည်
သူလိုချင်တာဒါပဲလေ

"အဲ့တော့ ကိုယ်တော်ကစဉ်းစားလိုက်တော့နတ်မင်းတွေကအလုပ်ကိုယ်စီရှိကြသည့်အပြင် မအားတာကများတာဆိုတော့"
". ......."

"ကိုယ်တော်ရဲ့သားတော်တွေကိုလွှတ်စေချင်တယ်"
"ဟာ....အရှင် ဒါကြီးကမသင့်တော်ကြောင်းပါ
နတ်မင်းတွေကမအားဘူးဆိုပေမဲ့
မင်းသားလေးတွေကတော့မသင့်တော်ကြောင်းပါ"
စသဖြင့်ကန့်ကွက်ကြပြန်သည်

"ကဲဒါဆိုအသင်နတ်မင်းတို့သွားကြမှာလား"
ထိုအမိန်တော်ကြောင့်အသံထွက်နေတဲ့နတ်မင်းများမှာ
တစ်ဖန်ပြန်တိတ်သွားကြပြန်သည်

"ကိုယ်တော်စဉ်းစားတာက
သည်တာဝန်ကိုမင်းသားလေးတွေပေးပြီး
ထမ်းဆောင်းခိုင်းတာက
အရိုက်အရာဆက်ခံပြီးကျန်တဲ့ကလေးတွေကိုလည်း
တာဝန်နေရာချပေးချင်တာဒါကြောင့်
သူတို့လေးတွေကို
စမ်းသပ်တဲ့သဘောပဲ
မောင်မင်းတို့ကသဘောမတူလေရော့ "
ထိုစကားကြားမှာသာအားလူံးခေါင်းတစ်ငြိမ့်ငြိမ်နဲ့ဖြစ်ကုန်သည်
တယ်ခက်တဲ့အဖိုးကြီးတွေသူတွေသွားနှိမ်နင်းမှာကြလို့
အပိုတွေတစ်အားပြော

"ကဲဒါဆိုသားတော်လေးယောက်ရှေ့ကိုထွက်စေ"
"သားတော်တို့ရောက်ရှိကြောင်းပါ"
သံပြိုင်ဂါရဝပြုကာနှုတ်ဆက်လိုက်သည်
ထိုအရှိန်အဝါကတစ်အားကောင်းမွန်ပြီး
နတ်ပြည်အတွက်အလားအလာကောင်းများကိုမြင်တွေ့စေသည်

"ကျန်းချန် ကရေကျွမ်းပြီးရိပေါ်ကမြေကျွမ်းတယ်
ဒါကြောင့်ကျမ်းချန်က ရှီးချန်နဲ့အတူရေထဲ၌တာဝန်ထမ်းဆောင်စေ"
"ဟုကဲ့ "
နှစ်ဦးသာခေါင်းငုံ့ကာအရိုအသေးပေးရင်ကျန်းချန်
ဒေါခွေမိသည်
မနေ့ကတည်းကတိုင်ပင်ထားလို့သာပေါ့
မဟုတ်ရင် သည်နေ့တော့ခက်ပြီ
ငါရှီးချန်ဆိုတဲ့အဖိုးကြီးနဲ့အတူတူမလုပ်ချင်ဘူး
ဒါအပြင်ဘာတာဝန်မှမလုပ်ချင်ဘူး
ရှောင်ကျန် မင်းတို့နှစ်ယောက်တော့ဟင်း...ဟင်း...

The Searching Of My Love GodWhere stories live. Discover now