[Unicode]
"ကူးကူး....."
ကားပေါ်မှ ဆင်းသည်နှင့် အနောက်က တောက်လျှောက်လိုက်နေကြသော ကောင်မလေးတွေကြောင့် ကူးကူး အားကြီးစိတ်ညစ်ရသည်
"ကူးကူး....ဒီနေ့ ငါနဲ့ထမင်းအတူစားကြမလား.."
ဂျွန်းဂျောင်ကုသည် အချဉ်မဟုတ် ဒီလောက်လေးနှင့် သူ့အား မြူစွယ်မယ်ဆို ထိုကောင်မလေး အမှားကြီး မှားသွားပေလိမ့်မည်
"ဘာဟင်းလဲ..."
ကူးကူးသည် မျက်ခုံးတစ်ချက်ပင့်ကာ ကောင်မလေးအား လှည့်ကြည့်ရင်းမေးလိုက်သည်
"ဝက်သုံးထပ်သားကိုလေ အထူးဆော့စ်နဲ့ချက်ထားတာ ပြီးတော့ ကြက်ဥလိပ်လဲပါသေး..."
ကောင်မလေးသည် သူ့ဟင်းအား လက်ဟန်ခြေဟန်ဖြင့် အားပါးတရ ရှင်းပြရှာသည်
ဝက်သားဆိုသည့် အသံကြားတာနှင့် ကူးကူးမျက်လုံးတွေက ဗို့အား ၃၀၀၀လောက်ရှိသည့် မီးသီးတွေအတိုင်း ဖျက်ကနဲ လက်ကနဲ
ကူးကူးဝန်ခံပါသည် ဝက်သားဟာ ကူးကူးရဲ့ ဆိုးဖော်ကောင်းဖက် တကယ်လို့များဝက်ကလေးသာ လှလှလေးဖြစ်ခဲ့ရင် သူ့အား လက်ထပ်ယူပြီး ဖြည်းဖြည်းချင်း ဖဲ့စားပါမည်
ဝက်သားနဲ့ အိမ်က ဒယ်ဒယ်၆ယောက်နဲ့ လဲစားမလားဆို ကူးကူးက လဲစားမယ့် အမျိုး
"ကောင်းပြီလေ နေ့ခင်းကျ အတန်းထဲလာခဲ့..."
ဆရာကြီးဆိုဒ်နဲ့ပြောကာ ဘဲလွယ်အိတ်အား စတိုင်ကျကျ ပြန်လွယ်လိုက်ပြီး နို့ဘူးကို ဖောက်ခနဲ ဖောက်သောက်လိုက်သည်
ဟူး...ရုပ်ချောရတဲ့ ဒုက္ခက မလွယ်ဘူးပဲ
~~~~My 6 bachelor Daddies~~~~~~~
"ဂျွန်းဂျောင်ကု....!!!!!"
ဆော့ဂျင်ရဲ့ အော်သံအောက်မှာ ခန္ဓာကိုယ်သေးသေးလေးက ဆတ်ခနဲတုန်သွားသည်
"မင်းအသက် ဘယ်လောက်ရှိပြီလဲ..."
"၇နှစ်...."
ကူးကူးသည် လက်လေး၇ချောင်းထောင်ပြကာ နှုတ်ခမ်းထော်လျက် ပြန်ဖြေသည်
"တိတ် .... ပြန်ဖြေစရာမလိုဘူး ငါသိတယ်...."
မျက်လုံးနီများဖြင့် ပြန်စိုက်ကြည့်လိုက်ပြန်တော့
"ဟုတ်...." တစ်လုံးဆိုကာ ခေါင်းလေးပုလျက် ငြိမ်ကုတ်သွားပြန်သည်
YOU ARE READING
My 6 Bachelor Daddies
أدب الهواةIt's all daddies fault Baby koo didn't do anything................