ရှင်းသန့်မောင်
အိမ်ထဲခြေ ချလိုက်တာနဲ့ ကြားလိုက်ရတဲ့အသံကြောင့် လူက လန့်သွားတယ်
အဲ....ကိုခန့် က ဘယ်တုန်း က ပြန်ရောက်
အိမ်ပေါက်ဝကနေ ကြောင်တောင်တောင်နဲ့လှမ်းကြည့်နေတဲ့ကောင်လေးက ပြေးရိုက်ချင်စရာ
ဘာတွေကြောင်ပီးအံ့သြနေတာလဲ ငါ့ကိုအခုမှတွေ့ဖူးတာလား
မဟုတ်ပါဘူးကိုခန့်
လာပါပီဗျ
မထိုင်နဲ့ မတ်တပ်ရပ် လက်ပိုက်ထား
ကျောင်းကပြန်လာတာနဲ့ကိုခန့်လှမ်းခေါ်လို့ ဆိုဖာပေါ်မှာ ထိုင်မလို့ရှိသေး
ဟုတ်ကဲ့
ဒါဘယ်လိုဖြစ်တာလဲ ငါကိုရှင်းပြစမ်းပါဦး
ကိုခန့်ရှေ့မှာမြင်နေရတဲ့ ဖန်စားပွဲပေါ်က
report card လေးက ကျွန်တော့်ကိုလှောင်ပြနေတယ် ဘာသာတိုင်းက လေးဆယ်အထက်တွေပဲမို့လို့ မျက်နှာပူနေမိတယ်ဟုတ်သားပဲ ဒီနေ့ report card ပေးတာပဲ ငါမေ့နေတာပဲ...
ငါမင်းအနားမှာမင်းနဲ့အတူစာမလုပ်ပေးနိုင်တာကိုအခွင့်ကောင်းယူပီး မင်းကစာမကျက်ဘူးပေါ့နေချင်သလိုနေနေတယ်ပေါ့
ဟုတ်လား ရှင်းသန့်မောင်
ကိုခန့်က ဆိုဖာပေါ်မှာထိုင်ရင်းကျွန်တော်ကိုသေချာစိုက်ကြည့်နေတာမို့ ခေါင်းကိုသာငုံ့ထားမိတယ်
ကျွန်တော် ကိုခန့်ကိုဘာမှပြန်မပြောနိုင်ပါ ခါတိုင်းရက်ကကိုခန့်က ကျွန်တော်အနားမှာနေ့တိုင်းစာပြပေးတယ်စာလဲအတူကျက်ပေးတယ် ခုရက်ထဲကိုခန့်က အလုပ်တွေများနေလို့အရင်လိုစာမပြပေးနိုင်တာကို သိပေမဲ့ နေတိုင်းလုပ်နေရတဲ့စာတွေကိုမလုပ်ချင်တာနဲဲပေါ့ပေါ့ ဆဆနေမိတယ် ခုရလာဒ်ကတော့ မြင်နေရတဲ့အတ်ိုင်းပဲပေါ့
ငါ့မျက်နှာကိုကြည့်စမ်း ကြမ်းပြင်ကိုကြည့်မနေနဲ့ ရှင်းသန့်မောင် ကြမ်းပြင်က မင်းကိုစကားပြောနေတာမဟုတ်ဘူး
ငါ့ကိုမလေးမစားလာမလုပ်နဲ့ ငါစကားပြောနေရင်ငါမျက်နှာပဲကြည့် တခြားဘယ်မှအာရုံမရောက်နဲ့