အေးချမ်းလှတဲ့ဆောင်းရာသီမှာ ဘာလို့မအေးရတာဆိုလဲမေးခွန်းမထုတ်ချင်ပေမဲ့ မထုတ်မိခဲ့ပါလူတိုင်းကနေသားကျခဲ့လို့လေ သို့ပေသည်ထင်သလောက် ရာသီဉတုကမအေးခဲ့တာမှာအမှန်ပင် အချိန်တွေတရွေ့ရွေ့ကုန်ဆုံးခဲ့တာ အချိန်တစ်ခုတောင်ရောက်နေပြီဖြစ်သည် ထိုပြောင်းလဲမှုတွေထဲမှာ
ရာသီဉတုကလဲပြောင်းလဲသွားတယ်ထင်ပါရဲ့ အချိန်တွေကြာလာလေ အရာရာဟာပြောင်းလဲလာပါလေပဲ.....1930 အစောပိုင်းကာလတွင်ဖြစ်သည် ချောင်ကျူဝီဆိုတဲ့အမျိုးသမီးလေးဟာ ကိုယ့်အမိမြေနိုင်ငံမဟုတ်တဲ့ ရေခြားမြေခြားနိုင်ငံတစ်ခုမှာ အကြောင်းအရင်းတစ်ခုကြောင့် အခြေဖို့ဖြစ်တည်လာခဲ့လေရဲ့
.
.
.
.
.
.
.
.
.
.
ဒီကာလတွင်နိုင်ငံရေးကတော့မကောင်းပါ ဘာတွေဖြစ်နေလဲဆိုတာအတွင်းကျကျမသိသော်ငှား တိုင်းပြည်ကဘယ်အချိန်ဘာထဖြစ်မယ် ဘယ်သူမှမခန့်မှန်းနိုင်တဲ့အခြေအနေသို့ရောက်ကာ အန္တရာယ်တွင်းထဲကျရောက်နေတယ်ဆိုတာကိုတော့ အနည်းအများတွေးကြည့်ရင်သိနိုင်ပါရဲ့ သူများနိုင်ငံ နိုင်ငံရေးရှုပ်ထွေးနေတဲ့အချိန်မှာ ကျူဝီတစ်ယောက်ကိုယ့်နိုင်ငံမှာကိုယ်မနေပဲ ဒီကိုဘာလို့ရောက်နေလဲဆိုတာအကျူလဲသေချာမသိပေ အလုပ်ကိစ္စကြောင့်ဆိုတဲ့ပါးပါးရဲ့စကားတစ်ခွန်းကြောင့်သာ တစ်ခါမှလာဖို့မစဉ်းစားခဲ့တဲ့နေရာတစ်ခုကိုရောက်လာခြင်းပင်ဖြစ်တယ် ကိုရီးယားကိုရောက်တာ1နှစ်ကျော်ကျော်2နှစ်နီးပါးကြာနေပေမဲ့ အခုချိန်ထိပါးပါးရဲ့အလုပ်ကိစ္စဆိုတဲ့ အရာနဲ့ပတ်သက်ပြီးဘာအသံမှတောင်မကြားမိပါ အိမ်မှာနေရင်းနားရှုပ်လို့များတမင် ဒီပို့လိုက်သလားမှတ်ရတယ်သို့ပေမဲ့လဲတစ်ချက်မငြီးငြူမိပါ ပါးပါးဟာအကျူသိတတ်စထဲကအခုအရွယ်အထိ အကျူလိုချင်တာလိုအပ်တာမှန်သမျှကိုတစ်ချက်မငြင်းဆိုပဲ အကုန်ဖြည့်ဆည်းပေးခဲ့တဲ့တစ်ဉီးတည်းသောသူဖြစ်တယ်လို့ဆိုရမယ် ထို့အတူအကျူကလဲဒီအရွယ်အထိ ပါးပါးစိတ်တိုင်းကျနေလာခဲ့သူတစ်ယောက်ဆိုလဲမမှားပါ ခေါင်းမာလွန်သူဖြစ်ပေမဲ့လဲ ပါးပါးကတစ်ခွန်းဆိုအကျူ့ဘက်ကခေါင်းငြိမ့်ခဲ့တာပိုများခဲ့ပါတယ် ပညာရေးကအစလက်မှုပညာအဆုံး ဟင်းချက်ဘာညာအကျူမလုပ်တတ်ခဲ့တာသိပ်မရှိခဲ့ပါ အရမ်းတွန်းအားမပေးခဲ့ပေမဲ့အကျုကိုယ်တိုင်လဲဝါသနာပါခဲ့တာကြောင့် အရာရာကိုသင်ယူခဲ့တာဖြစ်တယ် တက္ကသိုလ်ကိုလဲပါးပါးစိတ်တိုင်းကျ အင်္ဂလန်မှာပြီးအောင်တတ်ခဲ့သလို အင်္ဂလန်ကပြန်ရောက်ပြီးတစ်နှစ်မပြည့်ခင်မှာပဲ ကိုရီးယားကိုသူ့အလုပ်ကိစ္စကြောင့် ခဏသွားနေဆိုတော့လဲ တစ်ချက်ပြန်မပြောပဲရောက်လာခဲ့ရပြန်တယ်ဖခင်ဖြစ်သူရဲ့စကားကို အကျူဟာမလွန်ဆန်နိုင်ဘူးလို့ထင်ကောင်းထင်ချင်နိုင်ကြပေမဲ့ အမှန်မှာမလွန်ဆန်နိုင်ခဲ့တာမဟုတ်ပဲ မလွန်ဆန်ချင်ခဲ့ရုံပါ သမီးနဲ့အဖေဆက်ဆံရေးမှာအပေးအယူမျှနေခဲ့တယ်ပဲပြောရမှာပေါ့ သူ့ဘက်ကအကျူလိုချင်တာကိုပေးခဲ့သလို အကျူကလဲသူချင်တာကိုလုပ်ပေးခဲ့တယ်လေ မိသားစုအချင်းချင်း ဒီလိုဆက်ဆံရေးဖြစ်နေတာတစ်ခြားသူတွေကဘယ်လိုမြင်မလဲမသိပေမဲ့ အကျူတို့ကတော့အခုချိန်ထိအဆင်ပြေနေဆဲပါပဲ ရှေ့လျှောက်လဲအဆင်ပြေဖို့ကိုမျှော်လင့်မိပါရဲ့
YOU ARE READING
falling in love
Fanfictionအလှပဆုံးတိမ်တိုက်တွေဟာ အကြောင်းအရင်းရေရေရာရာမရှိပဲ ပြိုလဲတော့မဲ့ပုံစံမျိုးဖြစ်နေခဲ့တာ ဖမ်းလဲမဆုပ်နိုင်ခဲ့သလို လွှတ်လဲမထားနိုင်ခဲ့ဘူး ဒါကြောင့်ငေးပဲကြည့်ခဲ့မိတယ် Just a fanfaction!!!!!!!