ငကျန့် ရွာပြန်လာတော့မည် ဆိုသည့် သတင်းသည် ချုံချင်း တစ်ရွာလုံးကို စိတ်ဓာတ်ရေးရာ ချွတ်ချုံကျစေ၏။ ငကျန့် မြို့တက်သွားတာ ဘာလောက်များကြာသေးလို့လဲ။ တစ်လတောင်မပြည့်တတ်သေး။
ထမင်းရည် ချောင်းစီးဆိုပြီး လှူထားတဲ့ အလှူပွဲတုန်းက ထမင်းအိုးတွေက ဂျိုးတွေတောင်တိုက်လို့ မကွာသေး။ ငကျန့်အမေကလည်း အိမ်ရှေ့မှာ ဇာပုဝါကြီးကိုင်ပြီးမှိုင်ထွေထွေ။
တစ်ရွာလုံးက စိတ်မချမ်းသာပေမယ့် ငကျန့်ပြန်လာမှာကိုပျော်နေကြတာ ငကျန့်ရဲ့ တပည့်တစ်သိုက်။ ထို့ကြောင့် ပြန်လာမယ်ဆိုတဲ့ သတင်းကြားကတည်းက ရွာထိပ်မှာ တကြွကြွနဲ့ အုပ်စုလိုက် အသင့်အနေအထားရပ်စောင့်နေရတာ။ ချုံချင်းလူမိုက်ကြီး မရှိတဲ့ ကာလမှာ သူတို့ အနေအစားအင်မတန်ကြပ်တည်း သွားသည်မဟုတ်လား။
ရွာထိပ်မှာ စောင့်နေကြသည့် လူများထဲတွင် ငကျန့်အမေလည်းပါသည်။ ဘာရယ်တော့မဟုတ် မိခင်တို့ရဲ့ အတ္တစိတ်လေးဖြစ်တဲ့ သားရွှေအိုးထမ်းလာတဲ့ ပုံရိပ်လေးကိုတော့ ဦးဦးဖျားဖျား မြင်ချင်သေးသပပေါ့။
ထိုလူစုနဲ့ မလှမ်းမကမ်း ကုက္ကိုပင် အကွယ်မှာ ရွာတောင်ပိုင်းက ဝိုင်းစိန်ကလည်း သူ့သူငယ်ချင်းတစ်သိုက်နဲ့အတူ ပုန်းလျှိုးလို့နေသေး၏။ ဝိုင်းစိန်ရဲ့သူငယ်ချင်းတွေက ဝိုင်းစိန်ကို အထင်ကြီးနေကြသည်။ ဆိုးပေ့မိုက်ပေ့ဆိုသည့် ငကျန့်တောင် ဝိုင်းစိန်အလှမှာအရည်ပျော်တယ်ဟူ၍။
သူဌေးသမီးလေး ဝိုင်းစိန်ရဲ့ ရည်ရွယ်ချက်ကတော့ သူ့ကို တင်တောင်းဖို့ဆိုပြီး ခေါင်းစဉ်တပ်ကာ မြို့တက်သွားတဲ့ ငကျန့်ကို သူ့သူငယ်ချင်းတွေ ရှေ့မှာ အပြတ်ငြင်းပြီး အသည်းခွဲမလို့ပေါ့။ ဝိုင်းစိန်က လူကောင်းပါ။ ဒီတိုင်းပဲ ဆိုးလွန်းတဲ့ ငကျန့်ကို ရွာသူရွာသားတွေ အစားအသည်းခွဲပေးရုံသာ။ ကြေးစားအသည်းခွဲသည် ဘာသည်ပေါ့။
ထိုသို့ အတွေးကိုယ်စီဖြင့် တစ်နာရီ လောက်အတောင့်လိုက် စောင့်နေကြရင်း ရွာထဲသို့ ဝင်လာသည့် လူရိပ်ကို မြင်သည့်အခါ လူအုပ်ကြီးလှုပ်လှုပ်ရှားရှားဖြစ်သွားသည်။ ဝင်လာသည့် လူက တစ်စုံတစ်ရာကို သယ်မလာ၏။ ထိုသူသည် မျက်နှာစိမ်းဖြစ်သည်။
YOU ARE READING
ချုံချင်းလူမိုက်ကြီး
Fanfictionမြန်မာမှုပြုထားသည့် mini ဖြစ်ပါသည်။ ကြိုပြောထားပါမယ်။ ပေါက်တတ်ကရတွေပါ ။ ဖတ်လိုက်ပြီးမှ... အချိန်ဖြုန်းမိတယ်လို့ မပြောပါနဲ့ ။ 😛 မည်သည့် platform မှာမှ share ခြင်းမပြုရ။ Cover Photo Crd: