"မောင် ဆေးလိပ်လေးတလိပ်လောက် ပေးဦး"
"ကြော့ရယ် ဆေးလိပ်တွေတော့ လိုက်မသောက်နဲ့ကွာ"
"မောင်တောင်သောက်သေးတာပဲ ဘာဖြစ်လို့လဲ ဘာလဲ ငါ့ကို မိန်းကလေးဆိုပြီး ဘောင်ခတ်ပိတ်ပင်ဖို့ ကြိုးစားနေတာလား"
"ဟေ့ ဟေ့ မောင်ပြောတာအဲ့လိုမဟုတ်ဘူးနော် သောက်တဲ့အကျင့်လည်းမရှိဘဲ စွဲသွားမှာစိုးလို့ ပြောနေတာ
ပြီးတော့ ကျန်းမာရေးအတွက် မကောင်းလို့"
"မောင်ကျ သောက်ပြီးတော့ မတရားဘူးနော်"
"ဟာ မောင်က စွဲသွားပြီမို့လို့လေ ဖြတ်မရလို့ပါဆို"
"မသိဘူး မသိဘူး မောင် မတရားဘူး"
"အမလေး စိတ်တော့မကောက်လိုက်ပါနဲ့ ပေးဆိုပေးပါ့မယ် ကြော့သောက်နေကျ Mevius တော့မရှိဘူး Ruby ပဲရှိတယ်
မောင် သွားဝယ်ပေးမယ် ခဏစောင့်"
"ရှိတာပဲပေးပါ မောင်ရယ် ရပါတယ်ဆိုနေ"
"ဟုတ်ပါပြီဗျာ ရော့ ရော့"
🚬
"ကြော့ ဆေးလိပ်သောက်တဲ့ပုံလေးက တမျိုးပဲ ချစ်စရာကောင်းသလို တချိန်ထဲမှာပဲဆွဲဆောင်မှုလည်းရှိတယ်"
"မဟုတ်ကဟုတ်ကတွေ ပြောမနေနဲ့ မောင် ငါ တော်ပြီ မသောက်တော့ဘူး"
"ဟော တဝက်ကြီးတောင် ကျန်သေးတယ်လေ"
"မောင် ဆက်သောက်လိုက်တော့ ငါသွားတော့မယ် အကြာကြီးအပြင်ထွက်တာ အိမ်ကလူတွေသိရင် အဆူခံရလိမ့်မယ်"
"ဟာ ကြော့ကတော့ လုပ်ချလိုက်ပြန်ပြီ ဒီတယောက်နဲ့တော့ ရူးတော့မှာပဲ"
#Kyawt17