အဆောင်၏ဧည်ခန်းမကြီးတွင်ဖြစ်ပြီး အဆောင်သားအသစ်ကို မိတ်ဆက်ပေးနေခြင်းဖြစ်သည်။ အိမ်က အကျယ်ကြီးမို့ အိမ်အောက်ထပ်ကို အဆောင်အဖြစ်အသုံးပြုကာ အပေါ်ထပ်၌ အိမ်ရှင်ဖြစ်သူတို့နေထိုင်သည်။ အထူးသဖြင့် ဂျယ်ယွန်းနှင့် သူ၏ဝမ်းကွဲအစ်ကိုတို့ နှစ်ယောက်တည်းပေါ့။မင်ဟိုဟာ လူကြီးပီပီ အဆောင်မှူးတာဝန်ကိုယူရင်း အဆောင်သားတွေနဲ့ ခင်ခင်မင်မင်နေတတ်သူဖြစ်သည်။ ဂျယ်ယွန်းလည်း ပေါင်းသင်းဆက်ဆံရေးညံ့သူ မဟုတ်ရပါ။ ဒါပေမဲ့ မျက်နှာချင်းဆိုင်မှာထိုင်ပြီး ပေကပ်ကပ်ပုံစံနဲ့ လူတစ်ယောက်ကိုတော့ သူအမြင်ကပ်တယ်။
ထိုအမြင်ကပ်ရခြင်းမှာ တစ်ခြားအကြောင်းအရာမဟုတ်ဘဲ မဖော်ရွေလို့ပဲဖြစ်သည်။ သူများဘက်က ပြုံးပြရင် ကိုယ့်ဘက်က ပြုံးပြသင့်တယ်မလား။ ဘာလဲ ဒီလိုမျိုးကြီးက။
" အစ်ကိုကတော့ အဆောင်မှူး ရှင်းမ်မင်ဟို။ ဒါက ဒီအဆောင်ပိုင်ရှင် ရှင်းမ်ဂျိတ်ခ် "
" အား ဟျောင်းကလည်း ရှင်းမ်ဂျယ်ယွန်းပါဆို။ အနုပညာတက္ကသိုလ်မှာ မြူးဇစ်မေဂျာ ပထမနှစ် "
ဂျယ်ယွန်းဟာ သူ့အစ်ကိုမိတ်ဆက် မပေးခင် ဦးအောင်အရင်မိတ်ဆက်လိုက်ပြီး ဘေးမှာထိုင်နေတဲ့ဂျေးကို လက်နဲ့တို့သည်။ ပတ်ဂျေးကတော့ နားမလည်သည့်မျက်လုံးတွေနဲ့ ဂျယ်ယွန်းကိုကြည့်တယ်။
" ဘာလဲ ငါ့အလှည့်လား "
" အေးလေ။ ဟိုကောင်တွေမှမရှိတာ "
ဂျယ်ယွန်းပြောတာကလည်း ဟုတ်သား။ အဆောင်က တစ်ချို့ကောင်တွေ ဒီနေ့မှ ဘယ်ကိုကြွကြမှန်းမသိ။ ပတ်ဂျေးတစ်ယောက်တည်းသာ ကျန်ရစ်ခဲ့တယ်။ ကျန်ခဲ့တယ်ဆိုတာကလည်း မိုးရွာလို့အပြင်မထွက်ချင်တာဖြစ်သည်။ ဒီတော့ အဆောင်သားအဖြစ် ကိုယ့်ကိုကိုယ် မိတ်ဆက်ရတော့မှာပေါ့။
စိတ်ပျက်လိုက်တာ။ မူလတန်းမှာ မိတ်ဆက်နေရသလိုကြီး။ အစ်ကိုမင်ဟိုက တကယ်အမြင်မရှိဘူးပဲ။ ဂျေးလည်း မတတ်နိုင်တဲ့အဆုံး မကျေမနပ်ဖြင့်
" ငါ့နာမည်က ပတ်ဂျေး။ဂျေးဟျောင်းလို့ခေါ်ပေါ့။ ဂျယ်ယွန်နဲ့ကျောင်းတူတယ် ဖက်ရှင်မေဂျာ ပထမနှစ် "
YOU ARE READING
𝗟𝗢𝗩𝗘𝗵𝗼𝗹𝗶𝗰 [SungJake]
FanfictionSim Jaeyun, Jake is a music student from a famous university and had a boyfriend. His life is peaceful until he does not meet someone. Park Sunghoon is a handsome high school student who hides many secrets. Language- Burmese🇲🇲 ...