Part 11-စာချုပ်အသစ်မချုပ်ဆိုဘူး။

4.8K 796 13
                                    

Unicode

ဗရော်နီကာချိုင်းဟာ အသက်၁၈နှစ်ကနေစပြီး ရုပ်ရှင်လောကထဲဝင်ခဲ့ပေမဲ့ ဇာတ်လမ်းတွေရဲ့ အဓိကဇာတ်ဆောင်နေရာကိုမရနိုင်ခဲ့ဘူး။

မိုဟန်လုနဲ့တွေ့တဲ့အချိန်တုန်းမှာ သူမကအသက်၂၄နှစ်ရှိပြီဖြစ်ပေမဲ့ သူမလမ်းကြောင်းမှာရုန်းကန်နေရတုန်း။ဘာလို့လဲဆိုတော့ ထိပ်ကိုတက်ဖို့ တခြားသူတွေလို ခန္ဓာကိုယ်ကိုအသုံးမပြုချင်ခဲ့လို့ပဲ။မိုဟန်လုမှာ ကြာကြာမတွဲတဲ့ရည်းစားတွေရှိပြီး အသည်းပေါင်းများစွာကိုခွဲခဲ့တယ်လို့ လူသိများတယ်။အဲ့ဒါကြောင့် ဟန်လုက ဗရော်နီကာကို ချဉ်းကပ်လာတဲ့အခါမှာ သူမကငြင်းပယ်ခဲ့တယ်။

သူမက မာနနဲ့တင်းခံနေပြီး အိပ်မက်တွေကိုလည်းလက်မလျှော့ဘူး။ဒါပေမဲ့ တစ်နေ့ကျတော့ သူမ ဇာတ်ကောင်နေရာသေးသေးလေးတစ်ခုတောင် မရနိုင်တော့ဘူး။သူမရဲ့ အသက်မွေးဝမ်းကြောင်းကလမ်းဆုံးတော့မှာဖြစ်တဲ့အတွက် ထိတ်လန့်ပြီး အယ်လ်ဖာဆီကိုပစ်ဝင်ခဲ့တာ။

မိုဟန်လုက သူမကိုရှင်းရှင်းလင်းလင်းပြောထားတယ်။သူက ဗရော်နီကာနဲ့ပတ်သက်ပြီးဘာကိုကြိုက်လဲဆိုတာနဲ့ သူတို့ဆက်ဆံရေး ဘယ်အချိန်ရောက်ရင် အဆုံးသတ်မလဲဆိုတာပေါ့။ပထမတုန်းက သူမ ကိုယ်ကိုယ်ကို ရွံရှာမိခဲ့တယ်။ဒါပေမဲ့ မိုဟန်လုက သူမအပေါ် တစ်ခါမှကြမ်းကြမ်းတမ်းတမ်း မဆက်ဆံခဲ့ဘူး။ဗရော်နီကာရဲ့အကျင့်စရိုက်အစား သူမအပေါ်ဂရုစိုက်ပေးပြီး ကြင်နာတတ်တယ်။

ဖြည်းဖြည်းချင်းပဲ ဗရော်နီကာက ကျော်ကြားခြင်းဆိုတဲ့ လှေကားကိုတက်သွားပြီး သူမရဲ့နေရာကိုမေ့သွားခဲ့တယ်။မိုဟန်လုနဲ့ ၅နှစ်ကျော်ကြာဆက်ဆံရေးရှိတာ သူမတစ်ယောက်တည်းပဲဆိုတော့ အယ်လ်ဖာကသူမကိုချစ်နေပြီး ပါးစပ်ကနေထုတ်မပြောတတ်တာလို့ ထင်ခဲ့တယ်။

မိုဟန်လုကို လုံးလုံးလျားလျားချစ်တာမျိုးမဟုတ်ပေမဲ့ ဗရော်နီကာက အဲ့လိုဆက်ဆံရေးကိုအဆင်ပြေပါတယ်။သူမ ထိပ်ဆုံးမှာရပ်တည်နိုင်သရွေ့ အဆင်ပြေတယ်။ဒါပေမဲ့ အခုတစ်ခါ ရုပ်ရှင်နယ်ပယ်မှာ နေရာတစ်ခုထိန်းသိမ်းနိုင်ဖို့အတွက် ရုန်းကန်နေရပြန်ပြီ။

ငါ့ယောကျာ်းကမာဖီးယားဘော့စ်[Myanmar Translation-Book 2]Where stories live. Discover now