" ဝေါ....ဝေါ"
ကမ်းခြေက သဲတွေထဲထိုးထည့်ထားတဲ့ Lisaခြေဖဝါးတွေ အေးစက်ပြီးကျင်လာတယ်။ Honeyနဲ့ကျွန်မကြားက ဆက်ဆံရေးတွေက ပိုအေးစက်တယ်ဆိုပါတော့ ahk။ ညဘက်ဆိုတော့ ဒီသဲတွေဟာနေ့ခင်းဘက်ကလိုတော့ နွေးမနေပါဘူး။
Lisaဖြည်းဖြည်းချင်း ခြေဖဝါးကိုဆွဲထုတ်တယ်။
"Shit! ပြိုသွားပြန်ပြီ"
ဆက်ဆံရေးတစ်ခု ရေရှည်တည်မြဲနေအောင် တည်ဆောက်ဖို့မပြောနဲ့ လှတပတမဟုတ်တဲ့ ပေါပေါပဲပဲသဲအိမ်လေးတောင် ဖြစ်မြောက်အောင် မဆောက်နိုင်တာ Honeyစိတ်ကုန်လာတာ မဆန်းပါဘူး။
ဝိုင်ပုလင်းက လက်ကျန်ဝိုင်တွေအကုန်မော့ချပြီး ပုလင်းကိုပင်လယ်ထဲ အားကုန်လွဲပစ်လိုက်တယ်။ နောက်သဲပြင်ပေါ်လဲချလိုက်တယ်။
ဒီနေ့မှ ကြယ်တွေက လှလိုက်တာ Honeyမျက်လုံးအိမ်လေး တည့်တည့်ကြည့်နေရသလိုပဲ။ ဒီနေ့ဟာ Honeyကသူ့ကိုကွာရှင်းပေးဖို့ တောင်းဆိုလာတဲ့ ခုနှစ်ရက်မြောက်နေ့ဖြစ်တယ်။
"ငါ မင်းနဲ့ဝေးပြီး မနေနိုင်ဘူးHoney"
Taxiနဲ့ပါပဲ ဒယိမ်းဒယိုင်နဲ့အိမ်ရောက်လာတယ်
Honeyက ကျွန်မပြန်အလာကို အိမ်ရှေ့မှာထွက်စောင့်နေတယ် ဒါနဲ့များငါ့ကိုကွာမယ်တဲ့။"Li ကျွန်မတို့ကွာရှင်းကြတော့မှာနော် ကျွန်မရှင့်ဆီက ဘာတွေများတောင်းဆိုဖူးလဲ ကျွန်မအနားမှာမရှိလဲ ကိုယ့်ကိုယ်ကို ဂရုစိုက်ပါ့မယ်ဆိုတဲ့ ကတိလေ"
"Li အဲ့ဒါလေးတောင် မလုပ်ပေးနိုင်ဘူးလား"
"မင်း အဲ့ကတိတောင်းခဲ့တာ ငါ့ကိုထားခဲ့ဖို့လား Ruby Jane"
"မသွားပါနဲ့ Honeyရယ် ကိုယ်ပြောင်းလဲပါ့မယ်
Honeyဘာတွေမကြိုက်ဘူးလဲ ပြောပြလေနော်"Janeက ကျွန်မမေးတာတွေမဖြေဘူး။ သူ့ဆုံးဖြတ်ချက်တွေကို ပြင်ဖို့စိတ်ကူးတွေမရှိခဲ့ဘူး။ ကျွန်မတို့ နှစ်တွေအကြာကြီးချစ်ခဲ့တယ် နောက်လက်ထပ်ကြတယ် ချစ်လာတဲ့သက်တမ်းတစ်လျောက်လုံးနွေးထွေးလာသမျှ အခုရနေတဲ့ Janeရဲ့ အေးစက်မှုတွေနဲ့ ကျွန်မနေသားမကျသေးဘူး။
YOU ARE READING
Love Honey (One Shot)
Short Storyကိုယ့်နှလုံးသားက သမုဒ္ဒရာတစ်ခုဆိုရင် မင်းကကိုယ့်နှလုံးသားတည့်တည့်ကို ဗဟိုပြုပြီးလှုပ်ခတ်နေတဲ့ငလျင်ပဲ ကိုယ့်ရဲ့စိတ်ဝိဥာဥ်အလုံးစုံကတော့ လှိုင်းလေးတွေပေါ့ Janeဆိုတဲ့ကမ်းခြေလေးကို သွားပုတ်တဲ့ လှိုင်းလေးတွေလေ လှိုင်းတွေပုတ်တဲ့အခါ ဝေါဝေါလို...