Unicode
တစ်လခန့်အကြာ......
ကုန်းကျွင့်သည် ဆွေးနွေးခန်းအပြင်တွင်ထိုင်၍ ကျန်းကျယ်ဟန့်ကို စောင့်နေလေသည်။
ကျန်းကျယ်ဟန့်သည် ထိုဖြစ်ရပ်များအပြီးတွင် စိတ်ထိခိုက်ကာ သူ့ကိုယ်သူဒဏ်ရာများရအောင်ပင် ပြုလုပ်နေသဖြင့် စိတ်ကျန်းမာရေးဆရာဝန်ဖြင့် နှစ်သိမ့်ဆွေးနွေးခြင်း ပြုလုပ်နေရသည်မှာ တစ်လပြည့်ခဲ့ပြီဖြစ်သည်။အစောပိုင်းကာလများတွင် ကုန်းကျွင့်နှင့် ရှောင်ယွီကိုသာတွေ့ဆုံရန်လက်ခံပြီး လူအားလုံးကို မတွေ့ရဲဘဲ ဖြစ်နေရှာသည်။
ယခုအခါ တိုးတက်လာသောအခြေအနေနှင့်အတူ အပြုံးလေးများကိုလည်း ပြန်မြင်လာရသည်မှာ ရက်ပိုင်းမျှသာ ရှိသေးသည်။ကုန်းကျွင့်နှင့်ကျန်းကျယ်ဟန့်တို့၏ မိဘများကလည်း အဖြစ်အပျက်အလုံးစုံကို ကြားပြီးနောက် နားလည်သွားကာ ဘေကျင်းသို့ ရောက်လာကြ၏။
ကျန်းကျယ်ဟန့်၏ အခြေအနေကိုကြည့်ကာ မျက်ရည်မဆည်နိုင်ကြပေ။
သူတို့သည် ထိုကလေးကို အထင်လွှဲကာ အပြစ်တင်နေခဲ့ကြသည်။ ထိုကလေးသည် အထီးကျန်မှုတို့ကို တစ်ယောက်ထဲ ကြိတ်မှိတ်သည်းခံကာ ဖြတ်သန်းနေခဲ့ရရှာသည်။မည်မျှခံစားရကြောင်း လက်ရှိအခြေအနေက ဖော်ပြနေလေသည်။
မိဘများမှာ ဘေကျင်းသို့ရောက်လာပြီးနောက် သူတို့၏အိမ်တွင်သာ ကျန်းကျယ်ဟန့် ပြန်အလာကို စိုးရိမ်စွာ စောင့်နေကြသည်။ကုန်းကျွင့်သည် အခန်းတံခါးကိုသာစိုက်ကြည့်နေမိပြီး ကျန်းကျယ်ဟန့်ထွက်အလာကို မျှော်နေ၏။
ဆွေးနွေးချိန်တစ်နာရီပြည့်လျှင် ကျန်းကျယ်ဟန့်သည် အခန်းထဲမှ ထွက်လာလေသည်။
ကုန်းကျွင့်သည် စိတ်လှုပ်ရှားစွာ ထရပ်လိုက်သည်။
ထို့နောက် ကျန်းကျယ်ဟန့်၏ လက်မောင်းတစ်ဖက်ကို တွဲခေါ်လာကာ အပြင်ခုံတန်းတွင် ထိုင်စေသည်။ထို့နောက် ကျန်းကျယ်ဟန့်၏မျက်နှာကို အကဲခတ်ကြည့်ကာ
" ကော နေကောင်းလား ခေါင်းကိုက်နေလားဟင် "
" နေကောင်းပါတယ် ၊ ဆရာက ငါ့ကို ချီးကျူးတယ် ဒဏ်ရာတွေပျောက်သွားတာ သိပ်တော်တယ်တဲ့ "
YOU ARE READING
Red Love Knots ( Uni & Zgyi )