EP - 1 ( U + Z )

326 22 2
                                    

< UNICOAD >

" ya.. Park jeongwoo ထတော့
ကျောင်းသွားရမယ်မဟုတ်ဘူးလား "

" ယောကျာ်းလေးကို ခြေထောက်နဲ့ကန်နေတာ
ဘုန်းနိမ့်လိမ့်မယ် "

မနက်စောစောစီးစီး လူကို
လူလိုမနှိုးပဲ ခွေးတွေနွားတွေနှိုးသလို လာနှိုးနေတဲ့
အစ်မဆိုသူကြောင့် jeongwooစိတ်ပေါက်ပေါက်နဲ့ ပြန်ပြောလိုက်သည်။

" မောင်လေးရယ် သောက်ပိုတွေပြောနေ..
ထစမ်း စိတ်မရှည်ရင်ထားခဲ့မှာနော် ဒီနေ့
ငါလိုက်ပို့ရမှာ "

တမင်မဖြေပဲနေလိုက်တော့ လူ့ဂွစာမက
ဇာတ်လမ်းစလာလေသည်။ busနဲ့ သွားရတာအမုန်းဆုံးပဲဆိုတာကို ဒါနဲ့ပဲ လာကိုင်ပေါက်နေတော့တာပဲ။

" busနဲ့ သွားချင်တာလား
အာ.. သိပြီသိပြီ ငါ့မောင်လေးက ကျန်းမာရေးကောင်းအောင် အပြေးလေ့ကျင့်ခန်းလုပ်ချင်နေတာပဲ အိုကေ
သဘောတူတယ် ဒါဆိုကောင်းကောင်းအိပ်ကျန်ခဲ့ပါ "

ရွဲ့သလို နောက်သလို အတည်ပြောကာထွက်သွားတဲ့
Jiwooကြောင့် jeongwooစုတ်တစ်ချက်သတ်ကာ
အော်ပြောလိုက်သည်။

" အိုမား နောက်တစ်ခါ park jiwooကို
ကျွန်တော့်ကျောင်းလိုက်မပို့ခိုင်းနဲ့ဗျာ! "

........

" ကဲ အပေါ်ထပ်ကကိုယ်တော်ချောရယ်
အမြန်လုပ်စမ်းပါဟ ကြာတာဆိုတာ "

" လာပါပြီဗျ နာရီဝက်လေးစောင့်ရတာကို
ဖြစ်ပျက်နေတာ "

" အပိုစကားကပြောပြန်ပြီ နင့်နာရီဝက်က
ငါ့ဆေးကျောင်းနဲ့အိမ်ကို သုံးခါပြန်လောက်သွားလို့ရနေပြီဟဲ့ "

ခေါင်းကိုထုကာ jiwooကပြောလိုက်တော့
အငယ်ကောင်က ခပ်စွာစွာပြန်အော်လာတယ်

" အာ.. ကေတွေပျက်ကုန်ပြီဗျ! "

" ဘယ်နားကကေလဲ အုန်းမုန့်ခွက်ထိပ်ကွတ်
ဆံပင်ကိုများ.. "

jiwooပြောလိုက်တော့ jeongwooမျက်နှာလေးညှိုးသွားသည်။ဒါကသူအရမ်းကြိုက်ရတဲ့ jungkook sambaenimရဲ့ ကေဥစ္စာကို..

" ကဲ မောင်နှမတွေ ကိုက်နေကြပြန်ပြီ
လာ မနက်စာလာစားကြဦး "

" ဟုတ် "

You've reached the end of published parts.

⏰ Last updated: May 16, 2022 ⏰

Add this story to your Library to get notified about new parts!

' Nightmare 'Where stories live. Discover now