Unicode
ငါမင်းကိုလိုအပ်တယ်။အဲ့တာကလေ ဘာနဲ့တူသလဲဆို လူတွေက လေရှိမှအသက်ရှင်နိုင်သလို ငါးတွေကလည်းအသက်ရှင်ဖို့ရေလိုအပ်သလိုပဲ။ဒါပေမဲ့လည်း မင်းကတော့အဲ့လိုမဟုတ်ခဲ့ဘူး။ငါဆိုတာကမင်းအတွက် အဝတ်ဗီဒိုထဲကအဝတ်ဟောင်းလေးတစ်ထည်လို ပျောက်ကွယ်သွားရင်လည်းအသစ်ပြန်ဝယ်လိုက်လို့ရတဲ့လူစားမျိုး...
အဲ့တော့ ငါမင်းကိုထားရစ်ခဲ့ဖို့ဆုံးဖြတ်လိုက်ပြီ။မင်းနဲ့အတူရှိနေခဲ့တဲ့ ၁၀နှစ်၊၁ရက်နဲ့၃နာရီမှာတော့ ငါဟာမင်းအတွက်အဝတ်တစ်ထည်သာသာပဲရှိတယ်ဆိုတာသိလိုက်ရပြီ။ဒါနဲ့ ငါတို့လေ'အိမ်ထောင်သက်ခုနှစ်နှစ်တာ'ဆိုတဲ့အချိန်အပိုင်းခြားလေးကိုကျော်လွန်ပြီးအတူရှိနေခဲ့တယ်ဆိုတဲ့အချက်ကတော့တကယ့်ကိုရယ်စရာကောင်းတာပဲမဟုတ်လား။ငါဆိုတဲ့ကောင်ကသာ မင်းအနားအမြဲကပ်တွယ်နေခဲ့ပေမဲ့လည်းပေါ့...
ဒါပေမဲ့ငါတကယ်ပဲပင်ပန်းနေပြီ။ငါလေမင်းကိုယ်ပေါ်ကအနံ့စူးစူးရေမွေးနံ့တွေကိုထပ်မရူရှိုက်ချင်တော့သလို မင်းရဲ့အင်္ကျီကော်လံပေါ်မှာစွန်းထင်းနေတဲ့နှုတ်ခမ်းနီရာတွေကိုလည်းထပ်မမြင်ချင်တော့ဘူး။မင်းကိုယ်ပေါ်မှာအမြဲကပ်တွယ်နေတဲ့တစ်ဦးတစ်ယောက်ရဲ့ဆံနွယ်ရှည်တွေအပြင် မင်းဝတ်စုံတွေကိုပြင်ပေးတိုင်းမင်းအိပ်ကပ်ထဲကထွက်လာတတ်တဲ့ ရေမွေးနံ့သင်းနေတဲ့လက်ကိုင်ပဝါတွေကိုလည်းမသိချင်ယောင်ဆောင်ပြီးမနေနိုင်တော့ဘူး...
ငါပင်ပန်းနေပြီ။ငါပင်ပန်းနေပြီမို့ မင်းတိုက်ခန်းထဲက အထက်တန်းစားအလှလေးတွေနဲ့ပျော်ပါးကြည်နူးနေတဲ့စကားသံတွေကိုငါမကြားချင်ဘူး။မင်းနဲ့အတူအပြင်ထွက်တိုင်း ကောင်မလေးချောချောလေးတွေအပေါ် မှတ်ချက်ပေးတတ်တဲ့မင်းအပြောတွေကိုလည်းနားမထောင်ချင်ဘူး။ ဖန်သားပြင်ပေါ်ကသရုပ်ဆောင်တွေကိုပဲစွဲစွဲမက်မက်ကြည့်နေတတ်တဲ့မင်းကိုလည်းငါမတွေ့ချင်ဘူး။နောက်ပြီး မင်းရဲ့နူးညံ့သိမ်မွေ့လှတဲ့ရည်းစားနဲ့မင်းကိုလည်း ငါတကယ်ပဲထပ်မမြင်ချင်တော့ဘူး...
ဒါတွေက ငါ့ကိုဘယ်လောက်တောင်နာကျင်စေသလဲဆိုတာမင်းသိလား။
YOU ARE READING
ဘယ်တော့မှထပ်မတွေ့ကြရအောင်(One shot)
Short Storyငါးတွေကရေလိုသလိုပဲ ငါကလည်းမင်းကိုလိုအပ်တယ်။ဒါပေမဲ့မင်းအတွက်ကတော့ငါဆိုတဲ့ကောင်က မင်းအဝတ်ဗီဒိုထဲကအဝတ်လိုပဲ ပျောက်သွားရင်လည်းထပ်ဝယ်လို့ရတဲ့အရာမျိုး။ Title : 永远,永不相见 (Never see each other again) Author :风满烟澜 All credits goes to the rightful owners. Warn...