24

9.6K 184 0
                                    

♕ 𝐮𝐧𝐢𝐜𝐨𝐝𝐞 ♕



တောင်အာဖရိကဟုဆိုလိုက်လျှင်။safariနယ်မြေနှင့်တောရိုင်းတိရစ္ဆာန်များကိုမြင်ကြလိမ့်မည်။

နှင်းဖူးသည်တိရစ္ဆာန်ရုံ၊ငါးပြတိုက်အစရှိသဖြင့်တိရစ္ဆာန်များကိုချုပ်နှောင်ထားသောနေရာများကိုမကြိုက််ပါ။

ဘယ်သောအခါမှလည်းထိုနေရာများသို့မလည်ပတ်ဖူးခဲ့။

သို့သော်။
safariနယ်မြေများကိုတော့အမြဲစိတ်ဝင်စားခဲ့သည်။
ချုပ်နှောင်ခြင်းမရှိ။
သဘာဝ၏အလှတရား။
အရိုင်းဆန်သော်လည်းစစ်မှန်သည်။

တောရိုင်းတိရစ္ဆာန်များ၏အရောင်မပါဖြစ်တည်မှုကိုလေ့လာရသည်ကိုနှင်းဖူးအမြဲကြိုက်နှစ်သက်ခဲ့သည်။

johannesburg မြို့ရှိ oliver reginald tambo international airport သို့ရောက်ရှိချိန်၌။တောင်အာဖရိကစံတော်ချိန်နေ့လည်(၁)နာရီနီးပါးရှိလို့နေပေပြီ။

တောင်အာဖရိကနှင့်စင်ကာပူအချိန်ကွာဟချက်(၆)နာရီ။

လေယာဉ်ပေါ်မှဆင်းလိုက်သည်နှင့်ဟပ်လာသောအပူဒဏ်ကြောင့်နှင်းဖူးမျက်မှောင်ကြုတ်လိုက်မိသည်။

အပူဒဏ်မခံနိုင်။မြန်မာပြည်သူဖြစ်သော်လည်း။

တောင်အာဖရိက၏နွေရာသီနေ့လည်အပူအချိန်ဖြစ်သည်ကြောင့်အလွန်ပူပြင်းလှသည်။

နှင်းဖူးတို့တည်းမည့် private game reserve lodge နှင့် oliver reginald tambo international airport မှာတိုက်ရိုက်လေယာဉ်ပျံသန်းမှုရှိသည်ကြောင့်အဆင်ပြေ၏။

ပျံသန်းချိန်တစ်နာရီခွဲနီးပါးကြာမြင့်ပြီးနောက်တည်းခိုရာlodgeဆီသို့ရောက်ရှိခဲ့သည်။

" wow " လေယာဉ်ပေါ်မှဆင်းဆင်းချင်းနှင်းဖူးအာမေဍိတ်အသံပြုမိလေသည်။

နှင်းဖူးနှင့်ကိုကိုသည်ဤprivate lodge၌(၁၀)ရက်။kruger national park(၁၂)ရက်။တောင်ဖရိက၏မြို့တော်(၃)ခုထဲမှတစ်ခုဖြစ်သည့်cape town၌(၅)ရက်။

စုစုပေါင်းတစ်လနီးပါး။
တောင်အာဖရိက၌နေကြမှာဖြစ်သည်။

kruger national parkနှင့် private game reserve lodgeများ၏ကွာဟချက်။

《 ALYA 》Tempat cerita menjadi hidup. Temukan sekarang