Be Friends And More : 21

738 66 0
                                    

Unicode

"အင်းးးမဆိုးဘူးပဲ"

"ငါကဘယ်သူမို့လဲ Kim Taehyungပဲလေ"

      သူ့ကိုယ်သူ ဂုဏ်ယူဝင့်ကြွားစွာပြောလာတဲ့ကောင်လေးကိုကြည့်ရင် သူပြုံးမိတယ်...သို့သော် ထိုအပြုံးက ခတ္တမျှသာ...

"မင်းဘယ်သူ့ကိုချက်ကျွေးဖူးလဲပြော"

"မကျွေးဖူးပါဘူး!"

"ဟုတ်လို့လား အဲ့တာဆို ဒီဟင်းတွေက ဘာလို့ စားကောင်းနေရတာလဲ!"

"မကျွေးဖူးပါဘူးဆို ငါဟင်းချက်တာမင်းမြင်ဖူးလို့လား ငါအခုတောင် google ကမနည်းရှာထားရတာ"

"ဟုတ်လို့လား"

     သူမျက်ခုံးတစ်ဖက်ပင့်ကာပြော‌မိတော့ taehyung သူ့လက်မောင်းကိုရိုက်လာတယ်...

"စားကောင်းမှာပေါ့ ပျက်စီးသွားလို့လွင့်ပစ်ရတဲ့ဟင်းခွက်‌တွေက နည်းတယ်ထင်နေတာလား!!"

       ထိုသို့ပြောတော့ jungguk ကယုန်သွားလေးတွေပေါ်တဲ့အထိပြုံးပြီး သူ့လက်ကိုဆွဲကာ အနမ်းပေးလာတယ်....

"နောက်ဆို ဒီလက်လေးတွေက ငါ့ကိုပြုစုပေးဖို့ပဲသုံး"

"ဘာ!!!"

      တဘုန်းဘုန်းထုရိုက်လာတဲ့ taehyung ကြောင့် junggukလက်ကာကာ သူဆိုလိုတဲ့စကားအဓိပ္ပာယ်ကိုမနည်းအော်ပြောမိတယ်....

"ငါဆိုလိုတာက ဒီလက်လေးတွေက ငါ့အတွက် ဟင်းချက်တာတို့ နေမကောင်းရင် ဆေးကုပေးတာတို့ အဲ့တာကိုပြောတာ"

     ထိုအခါမှ taehyung ရိုက်နေတာကိုရပ်ပြီးရယ်နေတော့သည်....သူတို့ညစာကို အိမ်မှာစားရင်း ပထမဆုံး Date ဖြစ်ကြတယ်...နှစ်ယောက်လုံးရဲ့မျက်နှာက အပြုံးများနဲ့ပြည့်လိုနေပြီး ကောင်းမွန်တဲ့ညစာလေးဖြစ်ခဲ့ကြတယ်...

Tang!....

     Message ပို့သံကြောင့် taehyung ကြည့်မိတော့ junggukဆီက....

'Good night'

'You too'

        Taehyung မျက်ဝန်းတွေကိုမှိတ်ရင်း အနားယူလိုက်တယ်....taehyung မျက်ဝန်းတွေကိုဖွင့်လိုက်ချိန်မှာ သူ့အားတစ်စုံတစ်ယောက်ထွေးပွေ့ထားသည်ကိုခံစားရသည်...ခါးပေါ်က လေးလံတဲ့အရာတစ်ခုကြောင့် ကြည့်မိတော့ တက်တူးအပြည့်ထိုးထားတဲ့လက်...အရင်က ဒီလက်လေးတွေက သွေးကြောစိမ်းများမြင်ရသည်အထိ ဖွေးဥနေခဲ့သည်...အခုတော့ ယောက်ျားဆန်တဲ့ သန်မာတဲ့လက်တစ်ချောင်းအဖြစ်ပြောင်းလဲသွားပြီပင်....

Be Friend And More...(Complete )Where stories live. Discover now