Delighted

464 34 3
                                    


Unicode

မနက်စာစားဖို့ ထမင်းဝိုင်းမှာ Spring နဲ့ Autumn က အရင်ရောက်နှင့်လို့နေတယ်

အနှိုင်းမဲ့တို့နှစ်ယောက် ဝင်လာတာတွေ့တော့ Autumn က သူ့အကို  နားကပ်သွားပြီး လက်သွားကိုင်လိုက်တယ် ခေါင်းကိုငုံ့လို့

Spring လဲ သူ့ညီမ ကျောပြင်ကိုပွတ်သတ်ပေးနေလိုက်တယ်

တစ်ကိုယ်လုံးတုန်ပြီး ပြန်မော့ကြည့်မလာတဲ့ မျက်နှာလေးကြောင့်

အနှိုင်းမဲ့ မှာ မျက်ရည်က မဖိတ်ခေါ်ပဲနဲ့ ကျလာပြန်တယ်

ဒါကို ဝသာန်မြင်‌တော့ အနှိုင်းမဲ့လက်ကိုတင်းတင်းဆုပ်ကိုင်လိုက်ပြီး

"Baby ဘာမှမဖြစ်ဘူး အစမို့လို့ပါ နောက်ဆို နေသားကျသွားမှာပါ "

ထမင်းစားခန်းက တိတ်ဆိတ်လို့ အပ်ကျသံတောင်မကြားရဘူး ဘယ်သူမှ ဘာမှ မပြောကြဘူး

"သခင်လေးတို့  အထုပ်ကိုကားပေါ်တင်ပေးလိုက်ပြီးနော်"

ဝသာန်က
"အော်အင်းအင်း ထမင်းစားပြီးရင်ထွက်လာခဲ့မယ် "

ဧည့်ခန်းထဲရောက်တော့ တိတ်ဆိတ်မှုကို စတင် ဖြိုခွင်းလိုက်သူက Autumn

"daddy က မီးမီးတို့နဲ့လိုက်နေမယ်မလား"

လက်လာဆွဲပြီး ‌မျော်လင့်တကြီးနဲ့ မေးလာတဲ့သမီး

နှိုင်း ကိုလှမ်းကြည့်လိုက်တော့ တစ်ယောက်တည်းချန်မထားခဲ့ပါနဲ့ ဆိုတဲ့ အဓိပ္ပါယ်တွေ ပျော်ဝင်နေတဲ့ မျက်ဝန်းနဲ့ သူ့ကို ကြည့်နေတဲ့ နှိုင်း

သူ့ရွှေမင်းသမီးနဲ့ သူ့ရွှေမင်းသားကြား ဗျာများနေတဲ့ ဝသာန်

အစကတည်းက လိုက်မသွားဘူးလို့ ရည်ရွယ်ထားပေမယ့် သမီးရဲ့ မျက်ရည်တွေကြားက မျှော်လင့်ချက်‌ရောင်ခြည်သန်းနေတဲ့
မျက်နှာလေးကြောင့် ဆုံးဖြတ်ချက်ကလျော့ရဲလာတယ်

နှိုင်း ကို ကြည့်ပြန်တော့လဲ အားငယ်နေတဲ့ မျက်ဝန်းနဲ့ မျက်ရည်မကျအောင်ထိန်းထား‌ နေတဲ့ နှိုင်း ကြောင့် ဆုံးဖြတ်ချက်တစ်ခုချလိုက်တယ်

Autumnရှေ့ဒူးထောက်ထိုင်ချပြီး သမီးပုခုံးနှစ်ဖက်ကို သူ့လက်နှစ်ဖက်နဲ့ကိုင်ပြီး

🌿အကြင်နာလက်တစ်ကမ်း🌿 ( 🌿အၾကင္နာလက္တစ္ကမ္း🌿)Where stories live. Discover now