Lady Laura And Her Bella : One Shot

827 87 22
                                    

Unicode

Lady Laura And Her Bella

"ငိုမနေနဲ့။ တိတ်စမ်း ဘယ်လ်လာဂျိမ်းစ်....."

လေဒီလော်ရာက ဘယ်လ်လာ့ ပခုံးကိုကိုင်လှုပ်လို့ ဒေါသမျက်လုံးတွေနဲ့စူးစိုက်ကြည့်နေတယ်။ မီးတောက်တွေလို အမြဲတမ်းတောက်လောက်နေတဲ့ အဲဒီမျက်လုံးတွေ။ နောက်ပြီးတော့အသံစူးစူး။ ဆယ်ကျော်သက်အရွယ်ကို ကုန်ဆုံးဖို့ချဥ်းကပ်နေတဲ့အရွယ်သာရှိသေးတဲ့ ဘယ်လ်လာဟာ လေဒီလော်ရာ့ကိုကြည့်ရင်း ငိုနေတာကိုရပ်ဖို့ကြိုးစားတယ်။ ရွှေအိုရောင်ဆံပင်လေးတွေရှိတဲ့ ဘယ်လ်လာဟာ နှင်းမှုန်တွေလို ဖြူဆွတ်တဲ့အသားအရည်လေးနဲ့ ကောင်းကင်ပေါ်ကဆင်းသက်လာတဲ့ နတ်သမီးလေးတစ်ပါးလိုအသွင်အပြင်မျိုးရှိသူဖြစ်တယ်။ သိပ်ပြီးလှပလွန်းလို့ အိမ်တော်တစ်ခုလုံးက လူတွေက ဘယ်လ်လာ့ကိုဆိုသိပ်ပြီးချစ်ကြတယ်။ လူမှန်းသိတတ်စအရွယ်ကတည်းက ဒီစံအိမ်ကြီးဆီရောက်ရှိလာတာလည်း ပါတာပေါ့။

"အဲဒီဥယျာဥ်ခြံထဲမသွားရဘူးလို့ ငါ မင်းကိုမှာမထားခဲ့ဘူးလား...."

လေဒီလော်ရာက ဘယ်လ်လာ့ပုခုံးကိုညှစ်ထားတာကြောင့် ဘယ်လ်လာ့လက်တစ်ခုလုံးက ထုံကျင်လာတယ်။ ဒါပေမဲ့လည်းကြောက်ရတာမို့ ဘယ်လ်လာက နာကျင်တာကိုတောင်မပြဝံ့ပါဘူး။

"မှာထားခဲ့ပါတယ်....လိပ်ပြာလေးကထွက်ပြေးသွားလို့ လိုက်ဖမ်းရင်းနဲ့ဘယ်လ်လာရောက်သွားတာပါ....တမင်သွားတာ မဟုတ်ရပါဘူး လေဒီလော်ရာ...."

ဘယ်လ်လာ ရှင်းပြနေပင်မယ့် လေဒီလော်ရာ့ မျက်ခုံးတန်းတွေက အခုထိပြေလျော့မသွားသေးဘဲ လက်တွေကလည်း သူ့ပခုံးကိုဖျစ်ညှစ်ထားဆဲပဲ။ အားထည့်ကာဖျစ်ညှစ်ထားတာမို့ လေဒီလော်ရာ့လက်သည်းရှည်တွေတောင် ဘယ်လ်လာ့ပခုံးသားနုနုထဲစိုက်ဝင်နေတယ်။

"ဘယ်လ်လာနောက်ဆိုမသွားတော့ပါဘူး....ခွင့်လွှတ်ပါနော်...."

ထိလိုက်ရင်ကြွေကျသွားတော့မယ့် ပွင့်ဖတ်လေးတစ်ခုလိုမျက်နှာ၊ ကြွေရုပ်လေးတစ်ခုလို လှပတဲ့ မိန်းမငယ်လေးကတောင်းပန်နေရင်း မျက်ရည်တွေလည်းလိမ့်ဆင်းလာတယ်။ ဘယ်လ်လာက လေဒီလော်ရာ့ကိုသိပ်ကြောက်တာ ငယ်ငယ်ကတည်းကပဲ။ စတွေ့ကတည်းက ကြောက်ရတယ်။ နှင်းဆီနီတစ်ပွင့်လို့ လှပနေပင်မယ့် အမြဲတမ်းမာကျောနေတဲ့ မျက်နှာထားကို ဘယ်လ်လာ ဘယ်လိုလို့မကြောက်ဘဲနေနိုင်ပါ့မလဲ။

Lady Laura And Her Bella(GL One Shot)Where stories live. Discover now