Part 5 (U+Z)

301 26 3
                                    

#Unicode

"အဘ သားကို မျက်ရည်စက်ပုံစံ ဒီ‌Locketလေးထဲမှာ ဒီခရေပွင့်လေးကိုထည့်ပြီး Key Chain လုပ်ပေးပါနော်"

"အေးအေးလူလေး အဘလုပ်ပေးထားမယ်။ နည်းနည်းလေးကြာမှာဆိုတော့ တခြားဝယ်စရာရှိရင် သွားဝယ်နော်"

"ဟုတ်အဘ။ သားပြီးမှ လာယူလှည့်မယ်"

"အေးအေးကလေး"

ဈေးထဲက မေမေ့နောက်ကို လိုက်လာရင်းနဲ့ ဈေးထဲက ဆွဲ‌ကြိုးလေးတွေ Key Chainလေးတွေလုပ်ပေးတဲ့ အဘဆီမှာ အားရုံခေါင်းပေါ်ကို ကြွေကျလာတဲ့ ခရေပွင့်လေးကို Key Chain ဝင်လုပ်ခိုင်းတာပါ။ မျက်ရည်စက်ပုံစံ Locketလေးထဲမှာ ခရေပွင့်လေးကိုထည့်ခိုင်းလိုက်တယ်။ အစက‌ Locketသီးလေးကို ဆွဲကြိုးလေးနဲ့လုပ်ပေးဖို့ တွေးမိပေမဲ့ ယောင်္ကျားလေးဆိုတော့ ဆွဲကြိုးဆွဲချင်မှာ မဟုတ်တာကြောင့် Key Chainလေးပဲ လုပ်လိုက်တာပါ။

"မေမေ"

"သား တစ်ယောက်တည်းလာတာလား"

"ဟုတ်မေမေ။ ရောင်းရော ရောင်းကောင်းရဲ့လား"

"ဒီလိုပဲ အိပဲ့အိပဲ့နဲ့ အဆင်မပြေသလိုလို ရှိပေမဲ့ အဆင်လေးတော့ပြေသွားတယ်ပေါ့"

"မမဆောင်းရဲ့ညီမ မမနွယ်ပေါ့"

"ဒါပေါ့ ဒါပေါ့"

"မေမေဈေးသိမ်းတော့မှာမို့လား"

"အင်း သိမ်းတော့မှာ"

"ဒါဆို သားကူသိမ်းပေးမယ်လေမေမေ"

"ကျေးဇူးတင်လိုက်တာ မေမေ့သားလေးကို"

မေမေ့ကိုဈေးကူသိမ်းပြီးတော့ သားအမိနှစ်ယောက်အိမ်ပြန်လာခဲ့ကြတယ်။ အဘဆီမှာ အပ်ထားတဲ့ Key Chainကို ဝင်ယူတော့ မေမေက ပိုက်ဆံရှင်းပေးတယ်။

"သားဘာသား ရှင်းလိုက်လည်းရတာကို မေမေကလည်း"

"ဪ တစ်ခါတလေတော့လည်း မေမေ့သားလေးအတွက် မေမေရှင်းပေးချင်တာပေါ့"

"ကျေးဇူးပါမေမေ"

"ရပါတယ်ရှင့်"

ခရာစက်ချုပ်ကတည်းက လိုချင်တာရှိရင် မေမေ့ကိုမပူဆာတော့ဘဲ ကိုယ့်ဝင်ငွေလေးနဲ့ကိုယ် ဝယ်ခဲ့တာပါ။ မရာ၊ သဝဏ်၊ လွှာလေး၊ ရနှောင်းလေးတို့ လိုချင်တာမှန်သမျှကိုလည်း ခရာပဲ တတ်နိုင်သမျှ ဖြည့်ဆည်းပေးခဲ့တာပါ။ မေမေ့ကို ဝန်ပေါ့စေဖို့အတွက် အငယ်တွေအတွက်ရော ခရာ့အတွက်ရောပါ ခရာပဲတာဝန်ယူပေးခဲ့တာပါ။

ဝှက် (Hwak) Where stories live. Discover now