ကာမမုဆိုးနှင့် ဟိုမိုသားကောင် 159
(ပထမပိုင်း)စာစု(1).
စတိတ်ရိူးထွက်ပြီးဆို ဇတ်စင်ထောင့်မှာ လူငယ်လေးများ စုရုံးနေကြလေပြီး လုံခြုံရေးတာဝန်ယူ ထားတဲ့ ဂေါပကလူကြီးများ နယ်ထိန်ရဲသားများနဲ့ နယ်မြေခံတပ်ရင်းမှ စစ်သားများဟာ အသင့်စောင့်နေကြလေပြီး....
လူငယ်များက မူးထူးနေကြမည် ဇတ်စင်မြင့်ထက်က ရောင်စုံမီးများကြားက မြူးကြွလွင့်ပျံလာသည် တေးဂီတသံများ ခေတ်မှီဖက်ရှင် အဝတ်စားနဲ့ ဇတ်သူဇတ်သားများရဲ့ သီဆိုဖျော်ဖြေမူ့နဲ့ အတူ စင်ထောင့်က လူငယ်များက ခုန်ပေါက်အော်ဟစ်လို့ ဘုရားပွဲရဲ့ အရသာကို အပီပြင်ခံစားနေကြလေပြီး...မဟုတ်ပါလား....
လူအုပ်ကြားထဲ ကြောင်တောင်တောင်ရပ်ကြည့်နေကာ ဇင်ဦးနောင် တယောက် သူ့အဖော် ကိုဖိုးသားအား လိုက်ရှာမိလေသည် စတိတ်ရိူးပြီးရင် ပြန်မယ်ပြောပြီး ခုထိလူအုပ်ကြားက ပေါ်မလာတော့ .
ဖုန်လုံးတွေလိမ့်တက်ကာ အသက်ရူကြပ် လို့ ခပ်လှမ်းလှမ်း ထွက်ထိုင်နေမိလေသည်၊ ထိုအခါ အနားသို့လူတယောက် ရောက်လာပြီး ကျော်တက်ကာ လယ်ကွက်တကွက်ကျော် ထွက်သွားပြီး ရူးပေါက်တာကိုတွေ့ရပြီး... အပြန် ဇင်ဦးနောင် ဘေးနာလာရပ်ကာ...
" တယောက်ထဲလား ဟိုကောင် ဖိုးသားယော ငါ့ညီ...."
" အင်း အဲ.... "
ဘယ်လို ပြန်ပြောရမလည်း မသိပေ.....
ဖိုးသားက ဘယ်ကိုထွက်သွားမှန်းလည်းမသိ သူ့ကိုလူအုပ်ကြားထဲ ထားခဲ့ပြီး ပျောက်နေလေပြီး လူအုပ်ဘေးနားကနေ ခပ်လှမ်းလှမ်းလယ်ကန်သင်းရိုး ဘောင်ပေါ်ရပ်နေမိစဥ် သူ့အနားသို့ လူတယောက်လာရပ်ကာ စကားပြောဆိုနေခြင်းသည် အထူးတဆန်းတော့မဟုတ်ပေ သူဖိုးသားအိမ်မှာ လာလည်တဲ့ဧည့်သည်မှန်း ရွာခံသားတယောက်ယောက်က သိလို့လာနုတ်ဆက်တာဖြစ် ပေမည်မဟုတ်ပါလား...." ကို့နာမည် ဇေယျာ ပါ ဖိုးသားအကိုဝမ်းကွဲပါ သည်ကောင် စော်နဲ့သွားကြူနေတာနေမယ်...."
" ဟင် ဟုတ်လား ဖိုးသားက စော်နဲ့လား...."
" ဟေ ကိုယ်ပေါင်းတဲ့သူအကြောင်း မသိသေးဘူးလား သည်ကောင်က စော်ပွေးတဲ့နေရာမှာ ကင်းပဲ ဟ...."
သူ့ကို ကြည့်ကာ ကိုဇေယျာ ဆိုတဲ့လူက ဘယ်လိုထင်မြင်လေမလည်း မသိပေ ဖိုးသားနဲ့သူက ကျောင်းနေဖက်သူငယ်ချင်း ဆိုတာမှန်ပေမဲ့ တယောက်ကိုယ်ရေးကိုယ်တာ တယောက်က မစပ်စုမစွက်ဖက် တာမို့ အ့လောက်ထိတော့ အတွင်းရေးတွေမသိပေ....
YOU ARE READING
ကာမမုဆိုး နှင့် ဟိုမိုသားကောင် (စဆုံး) Complete
Short Storyဘီတစ်ယောက်ကို တီနှစ်ယောက်က ချတဲ့ ခပ်ကြမ်းကြမ်းလိင်တူဇတ်လမ်းလေးပါ (အသက် ၁၈ ကျော်မှဖတ်ပါ)