Chapter 3

987 140 3
                                    

__ကြည့်မရတဲ့လူတစ်ယောက်ကို ဂရုစိုက်ပေးရခြင်း_


တစ်ကိုယ်လုံး ကိုက်ခဲလာပြီးခေါင်းတွေပါမူးလာတယ်။ ရုတ်တရက်ကြီးထဖြစ်လာတာမျိုး မဟုတ်ဘဲ ဆောင်းဟွန်းအတန်းထဲမှာ စာသင်နေရင်းဖြစ်ပျက်လာခဲ့သည်။ စစချင်း ဘာကြောင့်ဖြစ်လာမှန်း သူစဉ်းစားလို့ကိုမရဘူး။ ဒါပေမဲ့ မနေ့ညကမိုးသည်းထန်စွာပြီး တစ်ညနေလုံး မိုးရေထဲမှာနေခဲ့တာကို သတိရမိတယ်။

" ဟတ်ချိုး "

စာသင်ခန်းထဲမှာ ဆရာမရဲ့အသံကို လွှမ်းမိုးသွားသည်က သူ့ရဲ့နှာချေသံဖြစ်နေသည်။ ချက်ချင်းဆိုသလို တောင့်ကျကျ အတန်း၏နောက်ဆုံးခုံဖြစ်တဲ့ သူ့ဆီသို့ တစ်တန်းလုံးရဲ့ အကြည့်တွေရောက်ရှိလာတယ်။ဒါဟာ သူချောလို့မဟုတ်ပဲ တိတ်ဆိတ်နေတဲ့အတန်းထဲမှာ ဆူညံအောင် လုပ်မိလိုက်လို့ထင်ရဲ့။

သို့သော်လည်း မိန်းကလေးအများစုဟာ ချောမောကြည့်ကောင်းတဲ့ သူကိုကြည့်နေကြပြီး "နှာချေတာတောင် ချောလိုက်တာ" ဆိုတဲ့ စကားသံတွေကိုကြားနေရသည်။ ဒါဟာ သူမူလတန်းကတည်းက ကြားနေရတဲ့စကားတွေ။ ပြီးတော့ ဒီအကြည့်၊ မင်းသားတစ်ယောက်လိုအကြည့်ခံရတာက သူ့အတွက်ပုံမှန်ပါပဲ။

ရုပ်ချောတာက အခွင့်အလမ်းတွေများတယ်။ တစ်ခါတလေကျတော့လည်း ရုပ်ချောရတာက စိတ်ပျက်စရာလိုလို။ ဒီလို နှာချေတာ၊ရေသောက်တာကအစ လိုက်ကြည့်ကြတဲ့ မိန်းကလေးတွေကြောင့် ဖြစ်တယ်။

ဆောင်းဟွန်း သူတို့ကိုအကြည့်စူးစူးပို့လိုက်တော့ မိန်းကလေးတွေဟာ ရှက်ရှက်ဖြင့် စာသင်တဲ့ဘက်သို့လှည့်သွားကြသည်။ စင်စစ် ဆောင်းဟွန်းဟာ ဤသို့အေးတိတိအေးစက်နိုင်တာ မဟုတ်ရပါ။ ဒါပေမဲ့ ပတ်ဝန်းကျင်က ဒီလိုနေမှတော်ကာကျတာမို့ အမြဲဒီလိုဖြစ်နေခဲ့တယ်။

" ဟတ်ချိုး "

နောက်ထပ်ထွက်လာပြန်တဲ့ သူ့ရဲ့နှာချေသံ။ ဒီတစ်ခါ ဆရာမက သူ့ကိုကြည့်လာပြီး တစ်တန်းလုံးကလည်း ကြည့်လာပြန်သည်။

" ဆောင်းဟွန်း သားနေမကောင်းရင် ဆေးခန်းသွားလိုက်ပါလား "

" ဆရာမ သမီး ဆောင်းဟွန်းနဲ့လိုက်သွားမယ်လေ "

𝗟𝗢𝗩𝗘𝗵𝗼𝗹𝗶𝗰 [SungJake]Where stories live. Discover now