ကင်မ် ရင်ထဲ "ဂျွန်"မျက်နှာတွေ့ကတည်းက ရင်ခုန်နေတာမို့ ကင်မ်ကိုယ်ကင်မ်တောင်လန့်နေမိသည်။သေချာတာတစ်ခုကတော့
"ကင်မ် လေ ဂျွန်ကိုချစ်မိနေပြီထင်တယ်။"~Internal Love Of Kim~
မိမိအဆောင်တော်သို့ဝင်လျင်ဝင်ခြင်း ချယ်ရီပင်အောက်မှ တွေ့လိုက်ရသောတစ်စုံတစ်ယောက်....
အဆောင်တော်ကို အကိုတော်ယွန်ဂီ ကအစခွင့်မတောင်းဘဲ ဝင်တာမကြိုက်သည့် ကင်မ့်အတွက်ထိုတစ်စုံတစ်ယောက် ကြောင့်ကင်မ်အနည်းငယ်တော့ မျက်မှောင်ကြုတ်မိသည်။သို့သော် ကင်မ် ကထူးခြားစွာစိတ်မဆိုးမိဟန်....ထိုတစ်စုံတစ်ယောက်ဆီ ခြေဖွနင်းကာလျှောက်သွားတော့ ချယ်ရီပင်စည်ကြီးကိုမှီကာအိပ်နေလေသူ....
အိပ်နေသည်တောင် ယောကျာ်းဆန်လွန်းလှသည့်ကြည့်ကောင်းနေမှု....
နှာခေါင်းလုံးလုံးလေးကချစ်စရာအတိ...
ပါးကအမာရွတ်အသေးလေးကလည်း ထိုတစ်စုံတစ်ယောက်နှင့်လိုက်ဖက်နေသယောင်...
အချိန်အတန်ကြာအောင် ကင်မ်က ငေးကာအပေါ်စီးကနေ ငုံ့ကြည့်နေမိသည်။ထို့နောက်လူးလွှန့်လာသော ထိုတစ်စုံတစ်ယောက်ကြောင့် ကင်မ်ရဲ့ "ချယ်ရီဖြူ"ဓားကိုထိုသူ့လည်ပင်းပေါ်သို့...ထို့နောက်ကင်မ်မေးတာကိုပြန်မဖြေသောသူ...ကင်မ်ကိုသာငေးကြည့်နေတာမို့ ကင်မ်လည်းအနည်းငယ်ရှက်ကာထိုသူ့ကိုဓားဓာတ်ရာပါးပါးပေးမိသည်။ထိုသူကိုထိခိုက် အောင်မလုပ်ချင်ပေမယ့် ရှက်စိတ်ကြောင့်စဉ်းစားနိုင်စွမ်းမရှိပေ။အကိုတော်ရောက်လာမှအခြေအနေတွေအကုန်သိလိုက်ရသည်။ထိုသူက မဆိုင်းမတွတောင်းပန်သည်မို့ ကင်မ့် ဘက်ကလည်းပြန်တောင်းပန်မိသည်။
သူက ကင်မ် ကို "ဂျွန်" လို့ခေါ်ခိုင်းသည်။ကင်မ် ရင်ထဲ "ဂျွန်"မျက်နှာတွေ့ကတည်းက ရင်ခုန်နေတာမို့ ကင်မ်ကိုယ်ကင်မ်တောင်လန့်နေမိသည်။သေချာတာတစ်ခုကတော့
"ကင်မ် လေ ဂျွန်ကိုချစ်မိနေပြီထင်တယ်။"
YOU ARE READING
Iɴᴛᴇʀɴᴀʟ Lᴏᴠᴇ Oғ Ⓚ︎Ⓘ︎Ⓜ︎ {KOOᗰOՏ}
Fanfiction*****ကင်မ့်ဆုတောင်း***** နောင်ဘဝဆက်တိုင်း "ဂျွန်" ဆိုတဲ့လူသားကို ချစ်နေချင်တယ်~ ဒါပေမယ့် နောက်ဘဝဆက်တိုင်း ကင်မ့် ဘဝကို ကင်မ် ပူလောင်ခြင်းမည်တဲ့ ... အချစ်/အမုန်း/သဝန်တိုမှုကအစ မရှိ အောင်စတေးလိုက်တာ မို့တောင်းပန်ပါတယ် "ဂျွန်" ~ကူးမိုစ်~ 📌KookV📌