ကျိုးချန်တစ်ယောက် ဆေးရုံထဲကို စ၀င်လိုက်တာနဲ့ သူ့ကို
အကုန်လုံးက ကြည့်နေကြသည်။သူလဲ ကြောင်အသွားသည်။ဘယ်လိုဖြစ်လို့ သူ့ကို ဒီလိုမျိုးကြည့်နေရတာလဲ။သူလဲ ကိုယ့်ဘာသာမလုံဖြစ်ပြီး ငုံ့ကြည့်ရသည်။တစ်မျိုးတော့ မထင်ပါနဲ့။အင်္ကျီတို့ ဘောင်းဘီတို့ကိုပြောတာပါ။ပြောင်းပြန်များ ၀တ်လာသလားပေါ့။သူကြည့်လိုက်တော့လဲ ပုံမှန်ပါပဲ။ဒီလိုနဲ့ ဆေးရုံ receptionနားရောက်တော့ သူဟိုနေ့က ကူပေးခဲ့တဲ့ဒေါက်တာမလေးက သူ့နားကို လျှောက်လာပြီး
"ဆရာ ဟိုနေ့ကအတွက်ကျေးဇူးပါနော်"
"အာ ရပါတယ် ဆရာမရဲ့ ဒါကဘာမှမဟုတ်ပါဘူး"
"ဘာပဲဖြစ်ဖြစ်ပေါ့ ကျေးဇူးတင်တဲ့အနေနဲ့ တစ်ခုခုကျွေးချင်လို့ပါ ညနေအားလား ဆရာ"
"အားပါတယ် "
"ဟုတ်ကဲ့ ဒါဆို ကျွန်မ ဘိုကင်လုပ်ထားလိုက်မယ်"
"ဟုတ်ကဲ့ ခွင့်ပြုပါဦး"
"ဟုတ်ကဲ့"
ကျိုးချန်လဲ ဆရာမနဲ့ပြောပြီး ထွက်လာတော့မှ သဘောပေါက်သွားသည်။သူ့ကိုကြည့်နေတာက ဟိုနေ့က သူကူညီခဲ့တာကြောင့် ကြည့်နေတာဖြစ်သည်။သူလဲ ဆရာမချိန်းတာကို ငြင်းချင်ပေမယ့် ဆေးရုံတစ်ခုထဲမှာလုပ်နေတာဆိုတော့ ငြင်းလို့က မကောင်းပေ။ဒါကြောင့် သူလက်ခံလိုက်တာဖြစ်သည်။📽🎞။ 🎥🎞
ဟိုက်ခွမ်းတစ်ယောက် ဆေးရုံခေါင်မိုးပေါ်လာပြီး ဆေးလိပ်သောက်နေမိသည်။ထိုနေရာက သူ စိတ်ညစ်တိုင်းလာသောက်နေကျနေရာဖြစ်သည်။သူ့လို လူမျိုးဘာတွေများ စိတ်ညစ်စရာရှိနေလို့လဲလို့ မေးရင် တခြားသူတွေက ယုံမှာတောင််မဟုတ်။ပစ္စည်းရှိတယ်။နောက်ခံအသိုင်းအဝိုင်းကလဲ တောင့်တယ်။ဘွဲ့ရပညာတတ်တစ်ယောက်။ပြီးတော့ ဆေးရုံအုပ်။ရုပ်ရည်ကလဲ အပြစ်ပြောစရာမရှိ။ဒါဆို သူ့လိုလူမျိုးက ဘာကြောင့် စိတ်ညစ်နေရတာလဲ။သေချာပေါက် အချစ်ရေးကြောင့်ပဲပေါ့။
ကျိုးချန်တစ်ယောက် သူ့ဂျူတီပြီးတာနဲ့ လေကောင်းလေသန့်ရှုဖို့ ခေါင်းမိုးပေါ်ကို တက်လာခဲ့သည်။သူရောက်တော့ လူတစ်ယောက်က ကျောပေးရပ်နေသည်ကိုတွေ့လိုက်ရသည်။ဘယ်သူပါလိမ့်။သူအနားသွားကြည့်တော့ ခွမ်းကောဖြစ်နေသည်။