သူပြောပုံဆို ညကမှားခဲ့ကြတာ သူဖက်ကချည်းအတင်းကျုပ်ကိုယူခဲ့သယောင်။တကယ်ဆို ကျုပ်ကသာအမှားမဟုတ်လား။ကျုပ်ကသာမူးမူးရူးရူးနဲ့ သူများအိပ်ဆောင်ဝင်ပြီးရမ်းကားချင်တိုင်းရမ်းကားထားတာမဟုတ်လား။ဒါကို ထိုလူကသူ့အမှားချည်းလုပ်နေလေရဲ့။တကယ့်သူတော်ကောင်းကြီး...
~ Internal Love Of Kim~
Kim နန်းတော်၏ တစ်နေရာတွင် အပြာရောင်နှင့်အဖြူရောင်အလင်းတန်းကြီးက ကောင်းကင်ပေါ်သို့ထိုးတက်နေပေသည်။နွေဦးရာသီဖြစ်လင့်ကစား နှင်းမှုန်များက ထိုနေရာသို့ကြဲချနေပေသည်။ဤအဖြစ်အပျက်သည် မင်းသားကင်မ်ထယ်ယောင်း ၏မိခင်က မင်းသားကင်မ်ထယ်ယောင်းကို ကိုယ်ဝန်လွယ်စကနှင့်အဖြစ်အပျက်ခြင်းတူနေပေသည်။ထို့ကြောင့် တစ်တိုင်းပြည်လုံးမှပြည်သူများကလည်း စိတ်လှုပ်ရှားဖွယ်နန်းတော်ရှေ့သို့ရောက်နေလေပြီ။
နန်းတော်အတွင်းရှိ မူးမတ်များ၊အမတ်များ၊ပညာရှိများ၊တိုင်းပြည် အသီးသီးမှဘုရင်များသည်လည်း လှုပ်လှုပ်သည်းသည်းဖြစ်နေပေသည်။ဘုရင် Min YoonGi မှလည်း ထိုအခြေအနေအ ကြောင်းအရင်း၏အကျိုးဆက်ကိုသိသည်မို့ ကင်မ် သည်မည်သို့သောသူနှင့်နှီးနှောခဲ့သည်ကိုစိုးရိမ်နေသည်မို့ ဖင်မထိုင်နိုင်စွာ သလွန်ပေါ်တွင် ဖင်တကြွကြွဖြင့်...
"ကဲ ကင်မ် အဆောင်ကိုသွားကြရအောင်"
"ကင်မ် ကင်မ် ပြန်ရောက်နေတာလား အရှင်"
Park ဘုရင် Park Jimin မှမျက်လုံးလေးပြူးကာ မတ်တပ်ထရပ်လျက် အားကိုးတကြီးမေးလေသည်။ကင်မ် ဆိုသည်မှာ သူ၏တစ်ဦးတည်းသော သူငယ်ချင်းညီတော်မဟုတ်လား။
"ကဲ ဒါတွေထားပါ ကင်မ်ဆီသွားကြရအောင်"
ဘုရင် Min YoonGi မှမေးခွန်းကိုပြန်မဖြေဘဲ ရပ်နေရာသလွန်ရှေ့မှ ဆင်း၍ ခပ်မြန်မြန်ခြေလှမ်းကြဲကြီးများဖြင့် ကင်မ်အဆောင်တော်ကိုဦးတည်နေပေသည်။ထို့နောက် တစ်ခုခုကိုသတိရသွားဟန်...
"Jeon ဘုရင်...
Jeon ဘုရင် ဘယ်မတုန်း"တာဝန်ကျ အခြွေအရံတစ်ယောက်မှ
"ဟို ဟို ..."
"ပြောစမ်း သူ့အဆောင်တော်မှာဆိုသွားနှိူးလာခဲချေ"
YOU ARE READING
Iɴᴛᴇʀɴᴀʟ Lᴏᴠᴇ Oғ Ⓚ︎Ⓘ︎Ⓜ︎ {KOOᗰOՏ}
Fanfiction*****ကင်မ့်ဆုတောင်း***** နောင်ဘဝဆက်တိုင်း "ဂျွန်" ဆိုတဲ့လူသားကို ချစ်နေချင်တယ်~ ဒါပေမယ့် နောက်ဘဝဆက်တိုင်း ကင်မ့် ဘဝကို ကင်မ် ပူလောင်ခြင်းမည်တဲ့ ... အချစ်/အမုန်း/သဝန်တိုမှုကအစ မရှိ အောင်စတေးလိုက်တာ မို့တောင်းပန်ပါတယ် "ဂျွန်" ~ကူးမိုစ်~ 📌KookV📌