5

2.7K 295 33
                                    


[ Recommend song - The One that got away]
[ Lyla ကတော့ troye version နားထောင်ပြီး
ရေးထားပါတယ်]










ကြားလိုက်ရသည့်စကားကြောင့်
တစ်ကိုယ်လုံးမှသွေးတွေပြောင်းပြန်စီးသွားသလို
ခံစားလိုက်ရသည်။

လက်ထဲတွင်ကိုင်ထားသည့် ဖုန်းသည်
ကြမ်းပြင်သို့ လွတ်ကျသွားခဲ့သည်။
သူ့အသိစိတ်တွေသည်လည်း တကွဲတပြား..။

အမြင်အာရုံတွေဟာ ချာချာလည်လာသည်အထိ
မူးဝေလာခဲ့ပေမဲ့ အားတင်း၍  ထိုနေရာမှ
တရှိန်ထိုးထပြေးခဲ့မိသည်။

ဆယ်ဟွန်းမရှိတော့ရင်..
ဆယ်ဟွန်းမရှိတော့ရင် .. ကျွန်တော်လည်း
ဆက်ပြီးရှိနေစရာ အကြောင်းမရှိဘူး။

ဒီလောကကြီးမှာ မဖြစ်မနေ အသက်ရှင်နေရမယ့်
အကြောင်းအရင်းလည်း ရှိလာမှာ
မဟုတ်တော့ဘူး..။

...............

ပိတ်ထားသည့် ဆေးရုံအခန်းတံခါးရှေ့
ရောက်သောအခါ အသင့်စောင့်နေကြသော
ဆိုယွန်းနဲ့ ဂျီဝန်းက အားပြတ်စွာ
ယိုင်ကျလာသည့် ဂျုံအင့်ရဲ့ ခန္ဓာကိုယ်ကို
ထွေးပွေ့လိုက်ရသည်။

ဂျုံအင်က မျက်ရည်များ အဆက်မပြတ်စီးကျနေသည့် မျက်ဝန်းတွေနဲ့သူတို့ကို မော့ကြည့်လာ
ခဲ့ကာ.. စကားတစ်ခုခုကိုမျှော်လင့်နေဟန်ရှိသည်။

" major operation ဖြစ်သွားတယ် ဂျုံအင်..။
အခြေအနေတွေက ဘာမှ မသိရသေးဘူး..။
အခုမှ အထဲထဲမှာ
သူတို့စကားပြောနေကြတယ်.."

ဂျုံအင် အခန်းတံခါးကို တုန်ရီသည့်
လက်တွေနဲ့ ဆွဲဖွင့်လိုက်မိသည်။
ပထမဆုံးမြင်လိုက်ရသည်က
ဆရာဝန်နဲ့စကားပြောနေသော
ဆယ်ဟွန်းရဲ့ အဖေနဲ့အစ်မရဲ့ ပုံရိပ်ဖြစ်သည်။

ဂျုံအင့်ကို မြင်လိုက်ရသည့်အခါ အားလုံးက
လှည့်ကြည့်ပြီး ခဏလောက် တိတ်ဆိတ်သွားပေမဲ့
ဆယ်ဟွန်း အစ်မက ဆက်ပြောရန်ပြောလိုက်သည့်အခါ ဆရာဝန်က ခေါင်းဆတ်ပြကာစကားကို
ဆက်သည်။

" အခြေအနေတွေက ကျွန်တော်တို့လည်း
ခန့်မှန်းလို့မရသေးဘူး။
Coma ဘက်ကိုရောက်သွားတာမျိုးလည်း
ဖြစ်နိုင်သလို.. ရက်အနည်းငယ်အတွင်း
သတိလည်းရလာနိုင်ပါတယ်။

He's Unpredictable [ SEASON-2]Dove le storie prendono vita. Scoprilo ora