ကျန့်ကျန့် ဟန်ကျိုးကိုရောက်ကတည်းက ငြိမ်ငြိမ်ကလေးနေနေရပါတယ်။ တက္ကသိုလ်ဒုတိယနှစ်ကျောင်းသားမို့ ဝတ်နေကျ စတိုင်လ်ပန်န် တွေ ဝစ်စကုတ်(vest) တွေနဲ့ ရှိုးစမိုးထုတ်ချင်ပေမဲ့ ဇူလိုင်လရဲ့ နွေနေက ပြင်းပြင်းဟုပ်ဟုပ်ကို ပူလွန်းတယ်။ ကျန့်ကျန့်က ချွေးထွက္များတဲ့သူမို့ ဒေါ်လေးရွှယ်က ရိုးရာချည်ထည် ထန်ဝတ်စုံလေးတွေပဲ ဆင်ပေးတော့တယ်။ ရှန်ဟိုင်းမှာဆို ရိုးရာကန်တော့ပွဲလောက္မှာသာဝတ်ဖူးတာမို့ ကျန့်ကျန့်မှာ မနေတတ်မထိုင်တတ်ပါပဲ။ အခုဆို ဒေါ်လေးရွှယ်တို့အိမ်က ကူဖော်လောင်ဖက်ကောင်လေး ဖက်တီးကျိုးနဲ့ သူက ဆင်တူတွေဖြစ်နေကြပြီ။ဟန်ကျိုးရဲ့ နွေရာသီက ရှန်ဟိုင်းနဲ့တော့ သိသိသာသာမကွာလှပါဘူး။ နေပူပြင်းတဲ့အခါပြင်းပြီး မိုးရွာချင်ရင်လည်း ရုတ်တရက်ကြီးရွာချပစ်တတ်သေးတာရယ်။ဒီနေ့တော့ ရာသီဥတုသာယာတာမို့ ကျန့်ကျန့်တစ်ယောက် ဖက်တီးကျိုး ကိုခေါ်ပြီး ငါးသွားမျှားဖို့ပြင်ပါတော့တယ်။
အိမ်တွင်းအောင်းရတာ ပျင်းလှပြီလေ။ဒေါ်လေးရွှယ်က ကြွေထည်ပစ္စည်းအရောင်းဆိုင်ဖွင့်ထားတာမို့ အမြဲလိုလို
အလုပ်ရှုပ်နေတတ်တယ်။ ဒါကြောင့် ကျန့်ကျန့်တို့အပြင်ထွက္မှာကိုသတိမထားမိဘူး။ ခါတိုင်းလိုအိမ်မှာပဲ အစားအသောက်ပေါင်းစုံစားပြီး ဇိမ်ယစ်နေမယ်ထင်လို့နဲ့တူရဲ့။ ထမင်းချက်အဒေါ်ကြီးကို ကျန့်ကျန့်အကြိုက်ဟင်းတွေချက်ဖို့ သေေသချာချာမှာပေးခဲ့သေးတာ။ငါးမျှားတံ၊ ငါးစာနဲ့ ရေပုံး စသဖြင့် ငါးမျှားတဲ့အခါ လိုအပ်တဲ့ပစ္စည်းတွေအပြင် အခင်းပုဝါ၊ မုန့်ထုပ်တွေ၊အသီးတွေနဲ့ ရေဘူးပါ သယ်လာရတာမို့ ဖက်တီးကျိုး မျက်နှာက မဲ့တဲ့တဲ့။ သူ့ခန္ဓာကိုယ်ဖိုင့်ဖိုင့်ကြီးနဲ့တင် ဒီလောက်လေးနေတာကို သခင်လေးက ပစ္စည်းတွေအများကြီးသယ်လာမှတော့ ကျိုးကျဲ့ တို့ဝမ်းနည်းပြီပေါ့။ သခင်လေးကတော့ ပျော်လို့ မော်လို့...ပျော်ပွဲစားထွက်နေတယ်များထင်လေသလားမသိ။ ယုန်သွားတွေပေါ်တဲ့အထိ ပြုံးရယ်နေတဲ့အပြင် တစ်ချက်တစ်ချက် ခုန်ဆွခုန်ဆွတောင်သွားလိုက်သေး။ တကယ့် ယုန်ပေါက်စလေးအတိုင်းပါပဲ။
YOU ARE READING
Sweety 1920s (Completed)
Fanfic"အနောက်ဘက်ရေကန်ရဲ့ ဇာတ်လမ်းလိုမျိုး တစ်စုံတစ်ယောက်က ကျန့်ကျန့်ကို မြင်မြင်ချင်းချစ်မိသွားတယ်ဆိုရင်ရော..."