ကင်မ် ကတော့ကိုယ်ချစ်ရသူကိုပိုင်ဆိုင်ရပြီမို့ အတိုင်းအဆမရှိ ပျော်နေပေသည်။သို့သော် ကင်မ် သည်ခံစားချက်ကိုထုတ်ပြတတ်သောလူသားမျိုးမဟုတ်သည့်အတွက် အေးဆေးတည်ငြိမ်စွာပင် မျက်နှာတည်ထားလေသည်။ဂျွန် ကိုကြည့်မိတော့ ဂျွန် ကဟန်မဆောင်တတ်ဟန်တူသည် သိသိသာသာမျက်နှာမကောင်းပေ။
~ Internal Love Of Kim ~
အကြီးအမှူးဘုန်းတော်ကြီးမှ...
"အရှင် ဂျွန်ဂျောင်ဂုမှ မင်းသားကင်မ်ထယ်ယောင်းအား ရိုးမြေကျပေါင်းသင်းပါမည်လော"
"............"
အဖြေမကြားရသည်မို့ ဘုန်းတော်ကြီးမှနောက်တစ်ခေါက်ပြန်မေးလေသည်။
"အရှင် ဂျွန်ဂျောင်ဂုမှ မင်းသားကင်မ်ထယ်ယောင်းအား ရိုးမြေကျပေါင်းသင်းပါမည်လော"
ဂျောင်ဂုအတွေးတို့လွန်နေရာ ဘုန်းတော်ကြီးပထမတခါမေးသည်ကိုမကြားလိုက်ရပေ။နောက်တစ်ခေါက်မှသာ...
"ဟုတ် ဟုတ်ကဲ့ ပေါင်းသင်းပါမည်"
"မင်းသား ကင်မ်ထယ်ယောင်းမှလည်း အရှင် ဂျွန်ဂျောင်ဂုကို ရိုးမြေကျပေါင်းသင်းပါမည်လော"
ကင်မ်ကမဆိုင်းမတွပင်...
"ဟုတ်ကဲ့ ကင်မ် ဂျွန်ကိုရိုးမြေကျပေါင်းသင်းပါမည်"
"ကဲ ဒါဆို သတို့သားများ မိုးမြေကိုကန်တော့မယ်"
"ကောင်းကင်နတ်ဘုရားကိုကန်တော့မယ်"
"အဘိုးအဘွားကိုကန်တော့မယ်"
"မင်းကြီးကိုကန်တော့မယ်"
"သတို့သားချင်းကန်တော့မယ်"
"ပန်းဆက်သမယ်"
"ဤအချိန်မှစ၍ တစ်ဦးကိုယ်တစ်ဦးပိုင်ဆိုင်ပြီး အကြင်မောင်နှံတွေဖြစ်ကြောင်းကြောငြာအပ်ပါသည်"
ဖြောင်း !!! ဖြောင်း !!! ဖြောင်း !!!
လက်ခုပ်ဩဘာသံများကဆူညံစွာထွက်ပေါ်လာပြီး ဂုဏ်ပြုတေးဂီတသံများထွက်ပေါ်လာလေသည်။ကင်မ် ကတော့ကိုယ်ချစ်ရသူကိုပိုင်ဆိုင်ရပြီမို့ အတိုင်းအဆမရှိ ပျော်နေပေသည်။သို့သော် ကင်မ် သည်ခံစားချက်ကိုထုတ်ပြတတ်သောလူသားမျိုးမဟုတ်သည့်အတွက် အေးဆေးတည်ငြိမ်စွာပင် မျက်နှာတည်ထားလေသည်။ဂျွန် ကိုကြည့်မိတော့ ဂျွန် ကဟန်မဆောင်တတ်ဟန်တူသည် သိသိသာသာမျက်နှာမကောင်းပေ။ဂျွန် ၏ဤအခြေအနေကိုကြည့်မိတော့ ကင်မ်ရင်ထဲမကောင်းပေ။ဂျွန် ကိုလက်ထပ်ရပေမယ့် ဂျွန်အချစ်ကိုမရသည်မို့ ကင်မ်ဟန်မဆောင်နိုင်စွာအော်ငိုချင်မိသည်။သို့သော် မဖြစ်နိုင်ဘူးမဟုတ်လား။ဧည့်သည်တော်များကိုဧည့်ခံပြီးနောက် ဂျွန် မှ....
VOCÊ ESTÁ LENDO
Iɴᴛᴇʀɴᴀʟ Lᴏᴠᴇ Oғ Ⓚ︎Ⓘ︎Ⓜ︎ {KOOᗰOՏ}
Fanfic*****ကင်မ့်ဆုတောင်း***** နောင်ဘဝဆက်တိုင်း "ဂျွန်" ဆိုတဲ့လူသားကို ချစ်နေချင်တယ်~ ဒါပေမယ့် နောက်ဘဝဆက်တိုင်း ကင်မ့် ဘဝကို ကင်မ် ပူလောင်ခြင်းမည်တဲ့ ... အချစ်/အမုန်း/သဝန်တိုမှုကအစ မရှိ အောင်စတေးလိုက်တာ မို့တောင်းပန်ပါတယ် "ဂျွန်" ~ကူးမိုစ်~ 📌KookV📌