🧸Episode 7🧸

2.8K 242 0
                                    

ဂျောင်ဂုကထိုအဖြေကြောင့်အလိုကျဟန် သိသိသာသာ မျက်ခုံးတွန့်ချိုးကာမျက်မှောင်ကြုံ့နေသည်ဆိုရီကလည်းဤအခြေအနေကိုသိသောကြောင့် ပိုခံပြင်းစွာ လက်သီးကျစ်ကျစ်စုတ်မိသည်

~ Internal Love Of Kim ~

ဂျောင်ဂုလည်း ကင်မ်ထယ်ယောင်းကိုကျောခိုင်းကာ ချွဲပြည်နယ်ကိုအမြန်ခရီးနှင်ရတော့သည်။၅နာရီကြာ ခရီးနှင်ပြီးနောက်ချစ်ရသူမိန်းမလှလေးဆီသို့ရောက်ရှိခဲ့လေပြီ။ချွဲပြည်နယ်၏ အထင်ကရနေရာ ဖြစ်သည့် ကျောက်တောင်ကြီးပေါ်တွင် ဂျောင်ဂု၏မိန်းမလှလေးကရောက်ရှိနေလေသည်။

ဂျောင်ဂုလည်းသူမကိုကြည့်နေရင်း မျက်လုံးထဲမှ ဟို အဖြူရောင်နတ်သားသဖွယ် ကင်မ်ဆိုသည့်လူသားအားမြင်ယောင်လာသည်မို့ မြန်မြန်အတွေးထဲကထုတ်ပစ်လိုက်ရသည်။ထို့နောက် ဂျောင်ဂုလည်း သူမနားခြေဖွသွားကာ သူမခါးလေးကိုနောက်ကနေလက်ဖြင့်အသာသိုင်းဖက်လေသည်။

"ဂျောင်ဂု..."

"ခဏလေးဆိုရီ စကားမပြောနဲ့ဦး ‌ကိုယ်ပင်ပမ်းလွန်းလို့ပါကွာ"

ဟုဆိုကာဆိုရီ၏ပုခုံးထက်သို့ ဂျောင်ဂုမေးစေ့လေးမှေးကာတင်ထားသည်။အတန်ငယ်ကြာဤအခြေအနေပြီးနောက်...

"ဆိုရီ ကိုယ့်အဖြစ်အပျက်တွေကိုကိုယ်ရှင်းပြပါမယ်။ကိုယ်က..."

"ဆိုရီနားလည်ပါတယ်။ဂျောင်ဂုကိုဆိုရီ ယုံကြည်တယ်။ရှင်းမပြလည်းနားလည်ပါတယ် ဂျောင်ဂု"

"ဒါဆို ဆိုရီက အကုန်သိပြီးပြီပေါ့"

"အွန်း သိပြီးပြီ။ဆိုရီဂျောင်ဂုကိုမပိုင်ဆိုင်ရတာတော့ဝမ်းနည်းမိတယ်။ဒါပေမယ့်ဂျောင်ဂုနှလုံးသားကိုဆိုရီပိုင်ထားရလို့ ဝမ်းသာပါတယ်"

"အာ ဆိုရီရယ်။ကိုယ်တကယ်တောင်းပန်ပါတယ်။စိတ်ချပါ ကိုယ့်နှလုံးသားက ဆိုရီ တယောက်တည်းအပိုင်ပါ"

"ဆိုရီ တခုတောင်းဆိုချင်တယ်"

"ပြောလေ ဆိုရီ"

Iɴᴛᴇʀɴᴀʟ Lᴏᴠᴇ Oғ Ⓚ︎Ⓘ︎Ⓜ︎ {KOOᗰOՏ}Onde histórias criam vida. Descubra agora