🧸Episode 9🧸

2.8K 241 0
                                    

ကင်မ်လည်း ဂျီပြောသလို
ဂျွန် ပြန်ချစ်လာမယ့်အချိန်ကိုစောင့်ရပေဦးမည်။အာ့သည့်အချိန် ဂျွန်ရယ်၊ကင်မ် ရယ်၊ သားလေးရယ် လက်တွဲပြီး တိုင်းပြည်အနှံ့လျှောက်သွားပစ်လိုက်ချင်ပါရဲ့ ဂျွန်ရယ်....

~ Internal Love Of Kim ~

ကင်မ် ယောကျာ်းတန်မယ့်အရှက်မဲ့စွာငိုမိသည်မို့ ပတ်ဝန်းကျင်ကိုဂရုမစိုက်နိုင်ပေ။ကင်မ် မျက်နှာနားတွင်တိုးကပ်လာသော ပုဝါနီတထည် ကြောင့် ကင်မ်ခေါင်းမော့ကြည့်မိသည်။

"ဟင်..."

"ယူလေ သုတ်လိုက်မျက်ရည်တွေ"

ကင်မ်ကမယူဘဲ မော့ကြည့်ဆဲပင်။ထို့ကြောင့်သူကစိတ်မရှည်တော့ဘဲ ကင်မ်လက်ထဲကိုအသာထည့်ပေးလေသည်။

"မင်းက Jeon ရဲ့အမျိုးသားဖြစ်သွားတော့ငါ့ကိုမေ့ပြီပေါ့"

"အို မဟုတ်တာ ဂျီရယ်၊ဒါနဲ့ ဂျီ ကဘယ်လိုလုပ်..."

"လာ အခုအထဲဝင်ကြရအောင်၊ကိုယ်လေးလက်ဝန် ကြီးနဲ့မလား။အထဲရောက်မှဆက်ပြောကြတာပေါ့"

ဂျီက ကင်မ် ကိုဆွဲမထူကာ ကင်မ်အဆောင်တော်သို့ ဝင်၍တံခါးကိုအသာပိတ်လိုက်လေသည်။ကင်မ်ကတော့ပြူးတူးကြောင်တောင်ဖြင့် ဂျီ လုပ်သမျှလိုက်ကြည့်နေသည်။

"ကိုယ့်နဲ့ ဂျောင်ဂု အဖေနဲ့က ညီအစ်ကိုတော်တယ်။ကိုယ်ကအငယ်ဆုံးလည်းဖြစ်သလို အကိုတော်တွေနဲ့အသက်ကအများကြီးကွာတယ်လေ။Park နိုင်ငံတော်နဲ့ဆို Jeon နိုင်ငံကအနီးဆုံးမလား။ဂျောင်ဂု က ကိုယ့် ရဲ့တူပေါ့။ကင်မ် က၁၆နှစ်ကတည်းကနတ်တောင်ပေါ်တက်တာဆိုတော့ ဒီတိုင်းပြည်ရေးတွေကို ကင်မ်ကဘယ်သိမလဲ။ပြီးတော့ ကိုယ် ကအခုဘုရင်မဟုတ်တော့ဘူး။တာဝန်အရ ဒီ Jeon နိုင်ငံအတွက် တာဝန်ထမ်းဆောင်ပေးဖို့ရောက်လာခဲ့တာ။ကင်မ် ဒီလိုသူများအနှိမ်ခံနေရတာတော့ ကိုယ်သဘောမကျဘူး"

ဂျီ ကစကားအရှည်ကြီးပြောကာ ကင်မ်၏ပါးပြင်နုနုပေါ်မှ ဂျွန် ပေးသောဒဏ်ရာကို ဆေးထည့်ပေးနေလေသည်။

"အ့"

"စပ်နေလား"

"အွန်း ဂျီ၊ဒါဆိုကင်မ်မသိတာတွေအများကြီးရှိတာပေါ့နော်"

Iɴᴛᴇʀɴᴀʟ Lᴏᴠᴇ Oғ Ⓚ︎Ⓘ︎Ⓜ︎ {KOOᗰOՏ}Hikayelerin yaşadığı yer. Şimdi keşfedin