Part 14-ရှုပ်ထွေးမှု။

4.6K 738 30
                                    

Unicode

မိုလောင်ထရန်းက ဖုန်းချလိုက်ပြီး သတင်းကိုဆက်ကြည့်နေတယ်။ဗရော်နီကာချိုင်းက အင်တာဗျူးခံနေရပြီး သူမရဲ့သွားကြားထဲကထွက်လာတဲ့ အလိမ်အညာတွေကို ဆက်ပြောနေတယ်။သူမနဲ့မိုဟန်လုက ကလေးကိုမမျှော်လင့်ထားခဲ့ပေမဲ့ ရလာတော့လည်း ပျော်တာပေါ့ဆိုတာမျိုး။လောင်ထရန်း သတင်းကြည့်နေတာမပြီးခင်မှာဘဲ ဖုန်းကနောက်တစ်ခါထပ်မြည်လာတယ်။ဒီတစ်ခါတော့ ခေါ်နေတဲ့သူက မိုထရန်းဇီ။အယ်လ်ဖာက သက်ပြင်းရှည်တစ်ချက်ချလိုက်ပြီး ကောက်ကိုင်လိုက်တယ်။

"အဲ့ဒီ့အမျိုးသမီးက တီဗီပေါ်မှာထွက်လာဖို့ရွေးချယ်မယ်လို့ မမျှော်လင့်ထားခဲ့တာ ကျွန်တော်ကျိန်တယ်။ရုပ်သံလွှင့်တဲ့ ကုမ္ပဏီတစ်ခုလုံးကို ကျွန်တော်ပိတ်ချလိုက်ရမလား?။" ထရန်းဇီက ရှင်းပြရင်း မေးတယ်။သူက ဘယ်တုန်းကမှတီဗီမကြည့်တဲ့အတွက် ဒီလိုမျိုးဖြစ်လိမ့်မယ်လို့မထင်ခဲ့ဘူး။သူ့အမေက အောက်ဆင်းပြီးသတင်းလာကြည့်ဦးပြောမှ သူလည်းသိတာ။

"အခုက သတင်းထွက်ပြီးပြီဆိုတော့ ဖုံးလို့မရတော့ဘူး။ဟန်လုကိုမပြောနဲ့ဦး။သူ့ကိုပြန်မလာစေချင်သေးဘူး။" လောင်ထရန်းကပြောပြီး တီဗီကိုပိတ်လိုက်တယ်။အဲ့ဒီ့အမျိုးသမီးရဲ့အသံကိုနားထောင်လေ သူပိုဒေါသထွက်လာလေပဲ။အာဖရိကကိုရောက်တာ ၁ရက်တောင်မပြည့်သေးဘူး။ဟိုမှာလုပ်စရာရှိတဲ့ကိစ္စကိုပစ်ထားပြီး ဟန်လုကိုအိမ်ပြန်လာခိုင်းလို့မရဘူးလေ။

"အမ်..နောက်ကျသွားပြီ။အမေက အကိုဟန်လုကို ဖုန်းခေါ်နေပြီ။အမေ အကိုကြီးကို လည်းဖုန်းဆက်လိမ့်မယ်။" ထရန်းဇီက တွန့်ဆုတ်စွာပြောပြလိုက်တော့ လောင်ထရန်းခေါင်းထဲက သွေးကြောတွေတောင် ပေါက်ထွက်သွားတော့မလို ခံစားလိုက်ရတယ်။ခေါင်းကိုက်သွားကာ နားထင်ကိုနှိပ်နယ်နေရတယ်။ဒီမင်းသမီးကတော့ ဘယ်လိုတောင်ကြီးတဲ့အရှုပ်အထွေးကို လုပ်လိုက်တာလဲ!။တကယ် ဟန်လုက ကလေးအဖေဟုတ်ရင်တောင် အဲ့ဒီ့အမျိုးသမီးက သူ့ကိုကျော်ရဲတယ်ပေါ့။

"......"

"သူမကိုပြောလိုက်..၊ငါကုမ္ပဏီက လူထုဆက်သွယ်ရေးဌာနကို ကိုင်တွယ်ခိုင်းလိုက်မယ်လို့။" လောင်ထရန်းက ပင်ပန်းနွမ်းနယ်စွာပြောလိုက်ပြီး နားထင်ကိုနှိပ်ကာ ဒန်နီရယ်နဲ့လွမ်မင်လေးနဲ့ပဲ သုံးယောက်သား ကမ်းခြေမှာ ဘာပြဿနာမှမရှိ တူတူနေရရင် ကောင်းမယ်လို့တွေးလိုက်မိတယ်။

ငါ့ယောကျာ်းကမာဖီးယားဘော့စ်[Myanmar Translation-Book 2]Donde viven las historias. Descúbrelo ahora