🧸Episode 12🧸

3K 245 0
                                    

ဖွင့်ဟမပေးသော ထိုလူကြောင့် အောက်နှုတ်ခမ်းလွှာကို ခပ်ဆတ်ဆတ်ကိုက်ချလိုက်ရာ နာသွားသည်ထင်သည် ပါးစပ်ကလေးဟသွားသည်။ထိုအခွင့်အရေးကို အလွတ်ခံပါဘဲ ဂျောင်ဂုလည်း အလျှင်မြန်လျှာကို ထိုလူ့အာကတွင်း နွေးနွေးထဲသို့ ကျွမ်းကျင်စွာကျက်စား နေပေသည်။ခဏကြာတွင် ထိုလူကလည်းမျက်လုံးများမှိတ်ကာ ဂျောင်ဂုနမ်းတို့ကိုတုံ့ပြန်လာပေသည်။

~ Internal Love Of Kim~

"မင်း မင်း ရိုင်းလှချည်လား"

"ဟော ကင်မ်မင်းသားရယ် ဟိုနေ့ကကျမနဲ့ ဂျောင်ဂု ကိုတောင်းပန်တဲ့ပုံစံမဟုတ်တော့ဘူးပဲ"

"ဘာ မင်းလွန်မလာပါနဲ့ ငါ့အဆောင်ကိုမင်းဝင်ချင်တိုင်းဝင်ထွက်ချင်တိုင်းထွက်နေတာကို ငါမကြိုက်ဘူး"

"ရှင်မကြိုက်လဲဘာအရေးလဲ။ကျမကဂရုမစိုက်ဘူး။ရှင်သာ ဂျောင်ဂုနဲ့ဝေးဝေးနေစမ်းပါ"

"ဒီမှာမိန်းကလေး ဂျွန်နဲ့ငါကတရားဝင်လက်ထပ်ထားတာမို့ ဂျွန်နှလုံးသားကိုငါမပိုင်ပေမယ့် သူကိုငါပိုင်တယ်ဆိုတာမင်းမမေ့ပါနဲ့"

"အို ရှင်ကစကားတွေသိပ်တတ်လာတာပဲ မထင်ရဘူးနော် ဟ ဟ"

"မင်းဒီအကြောင်းတွေသာဆက်ပြောနေမယ်ဆို ငါ့အဆောင်ကနေထွက်သွားပေးပါ"

"ဘာ ရှင်ကကျမကိုလာနှင်နေတာလား။ရှင့်အဆင့်ကလေ အရမ်းအောက်တန်းကျတယ်။ခန္ဓာကိုယ်နဲ့ဆိုတော့လည်း ဟ ဟ။ရှင်ကသိပ်လည်တာပဲနော် ဂျောင်ဂုကိုအပိုင်ကြံလိုက်တာပဲ"

"မင်းထင်ချင်သလိုထင်ပါ အခုငါ့ဆီကနေထွက်သွားလိုက်ပါ။မင်းနှောက်ယှက်နေတာတော်သင့်ပြီ"

"ရှင်သာ ဂျောင်ဂုနဲ့ဝေးဝေးနေပါ"

"ဒါကငါ့သမိုင်းပါ မင်းအမိန့်ပေးစရာမလိုဘူး"

"ကောင်းပြီလေ။တနေ့ရှင်သိရလိမ့်မယ် ဂျောက်ဂုကကျမကိုပဲ ရွေးချယ်လိမ့်မယ်ဆိုတာကိုပေါ့ ဟ ဟ"

Iɴᴛᴇʀɴᴀʟ Lᴏᴠᴇ Oғ Ⓚ︎Ⓘ︎Ⓜ︎ {KOOᗰOՏ}Tempat cerita menjadi hidup. Temukan sekarang