11

407 65 9
                                    

အပြင်က ပြန်ရောက်ဆို ခနနားရေချိုးပြီး JunKyu အနားယူလိုက်သည် ညနေရောက်တော့ခြံထဲက မေမေစိုက်ထားတဲ့ပန်းပင်တွေကို မေမေနဲ့အတူ လမ်းထိပ်က မေ့မေ့ရဲ့ပန်းဆိုင်လေးဆီသယ်သွားပေးရသေးသည် ဒါကJunKyuလုပ်နေကြ ပုံမှန်လုပ်ရိုးလုပ်စဉ်တွေပင်

ဒီနေ့လည်း ခြံထဲမှာ Tulip ပန်းလေးတွေအများကြီးဖူးနေတာကြောင့် ပလက်စတစ်အကြည်အပါးလေးနဲ့စည်းကာ ဂိုထောင်ထဲက စီးနေကြ စက်ဘီးလေးကိုထုတ်လိုက်ရင်း Junghwan ကလည်း Jaehyukkie နဲ့လိုက်သွားတာကြောင့် အိမ်ကိုဒီတိုင်းထားခဲ့လို့မဖြစ်သဖြင့် ခြံတံခါးကိုသော့ခတ်ခဲ့လိုက်သည်

ဒါကပုံမှန်လုပ်ရိုးလုပ်စဉ် ဆိုပေမယ့် ဒီလို ဆိတ်ငြိမ်တဲ့နွေရက်လေး ရွက်ခြောက်တွေကြွေနေတဲ့ ဒီလမ်းပေါ်ကို စက်ဘီးလေးနဲ့ဖြတ်သွားရတာကို JunKyu အလွန်သဘောကျသည်

အရွက်သိပ်မရှိတဲ့ အပင်တွေနဲ့စီထားတဲ့ ဒီလမ်းလေးရဲ့အဆုံး လမ်းမကြီးနဲ့ဆက်ထားတဲ့ လမ်းဆုံလေးမှာတော့ မေမေ့ရဲ့ ပန်းဆိုင်ငယ်လေးရှိသည်

မေမေက ဝါသနာအရ ပန်းစိုက်ရင်း ပန်းလေးတွေရောင်းရင်း ပန်းအလှဆင်ရင်း ပျော်ရွှင်နေတတ်သည် မေမေက ပန်းလေးတွေကို သဘောကျတတ်သူဖြစ်တဲ့အလျောက် စိတ်ထားလည်းနူးညံ့သိမ်မွေ့လွန်းသည်

JunKyuရဲ့ စိတ်ထားနူးညံ့လွန်းတာတွေ သံယောဇဉ် တွယ်တာတတ်တာ ပန်းပင်လေးတွေသဘောကျတတ်တာတွေဟာ မေမေနဲ့တူခြင်းသာဖြစ်သည် Junghwanကတော့  မေမေဘက်က အဖိုးနဲ့တူတာမလို့ JunKyu နဲ့တော့မတူ
သူ့ကျောင်းအပ်တဲ့နေရာက မျိုးရိုးကိုတောင် အမေဘက်က အဖိုးရဲ့မျိုးရိုးကိုယူအပ်ပြီး ဘယ်သူ‌နဲ့တွေ့တွေ့ ခုချိန်ထိ So Junghwan ဟုသာ မိတ်ဆက်သည်

JunKyu ကတော့ သူ့ရဲ့ဒီလိုဘဝကို သဘောကျသည် အစကတည်းက ကိုယ့်ဘဝကို တိတ်တိတ်ဆိတ်ဆိတ်ဘဲ နေလာသူမို့ အထူးအဆန်းဖြစ်တာမျိုး လူသိများတာဆိုသူ သဘောမကျ
သူ့ရဲ့ သေးငယ်တဲ့ ကမ္ဘာလေးမှာ ဖေဖေရယ် မေမေရယ် Junghwan ရယ် ‌ငယ်ငယ်ကတည်းက ပေါင်းလာတဲ့သူငယ်ချင်းတွေရယ် မကြာသေးခင်ကမှ သူ့ဘဝထဲကိုနေရာလေးတစ်ခုအဖြစ် ဝင်ရောက်လာခဲ့တဲ့ Haruto ရယ်ဘဲရှိသည်

Default Title - Spring DiaryWhere stories live. Discover now