ဂျွန် ဘယ်လိုပဲနေနေ ချစ်မိနေတဲ့ ကင်မ်နှလုံးသားကိုလည်း ကင်မ်နားမလည်တော့ပါဘူးဂျွန်ရယ်။တနေ့နေ့အခွင့်အရေးကြုံရင် ဂျွန် ကကင်မ်အချစ်တွေကိုပြန်ပြီးတုန့်ပြန်တာမြင်မိချင်ပါသေးတယ် ဂျွန်။
~ Internal Love Of Kim~
ဂျောင်ဂုလည်းတနေ့လုံး ကင်မ်နဲ့သားလေးထယ်ကူးနားမှာ ကုန်ဆုံးနေမိသည်။ညပါအတူအိပ်ချင်သော်လည်း ဆိုရီအပေါ်အားနာမိသည်။ထို့ကြောင့် ဂျောင်ဂုအဆောင်တော်ကိုပြန်လာလျှင် ဆိုရီသည် သူမ၏အခန်းဝမှနေ၍ ဂျောင်ဂုကိုပြုံးကာ
"ဂျောင်ဂု မနက်ဖြန် ဆိုရီ ချွဲပြည်နယ်ကိုပြန်ချင်တယ်"
"အွန်းပြန်လေဆိုရီ"
"ဂျောင်ဂုလိုက်ပို့ပေးပါ့လား။ဒီအတောအတွင်း ဂျောင်ဂုကို ဆိုရီခွင့်လွှတ်နားလည်ပေးထားတယ်မဟုတ်လား"
ဟုတ်လည်းဟုတ်ပါသည်။ဒီအတောအတွင်း ဂျောင်ဂုကကင်မ်နားမှာသာရှိနေသလို ဆိုရီကိုလည်းတနေ့တခါတောင်စကားမပြောဖြစ်ပေ။
"ကောင်းပါပြီဆိုရီ။ကျုပ် လိုက်ပို့ပေးပါမယ်"
"ဂျောင်ဂုကသူစိမ်းဆန်သွားသလိုပဲနော်။ကျုပ်လို့တောင်သုံးနှုန်းနေပြီ"
ဆိုရီကမျက်ရည်ဝိုင်းကာပြောလိုက်တော့ ဂျောင်ဂုလည်းအားနာမိသွားသည်။ဂျောင်ဂုတောင်မသိလိုက်ပါဘဲ "ကျုပ်" လို့ပြောမိသွားသည်။ကင်မ် မျက်နှာမြင်ယောင်လိုက်တိုင်း မလုံမလဲခံစားရသည်မို့ ဤသို့သုံးလိုက်ခြင်းဖြစ်သည်။
"မဟုတ်ပါဘူးဆိုရီရယ် ၊ကျုပ်..ဟို ကိုကအာ့လိုမျိုးမဟုတ်ပါဘူး။ကလေးလည်းရလာပြီဆိုတော့ ကို ကအရာရာဆင်ခြင်တာပါ"
"ဂျောင်ဂုပြောတော့ တာဝန်ယူပေးယုံပဲဆို အခုက ကင်မ်မင်းသားကိုချစ် နေတာလား"
"မ မဟုတ်ပါဘူး ဆိုရီထင်လို့ပါ။ကို ကတာဝန်အရပါ"
"ဒါဆိုလည်းပြီးတာပဲ ဟွန့်"
ဆိုရီကပြောပြီး ဂျောင်ဂုရင်ခွင်ထဲခေါင်းတိုးဝင်လာသည်။ဂျောင်ဂုမှာအရင်ကလို ဆိုရီအပေါ်ခံစားချက်မရှိ ပေ။သို့သော် သူခေါ်လာပေးထားသည်မဟုတ်လား။ဆိုရီဆိုတာဂျောင်ဂုချစ်သူမဟုတ်လား။ထို့ကြောင့်ဂျောင်ဂုလည်းစိတ်ထဲကမပါဘဲ ပြန်ဖက်ကာကျောလေးကိုအသာပုတ်ပေးလိုက်သည်။ဤအချင်းအရာကို တစုံတစ်ယောက်ကကလေးငယ်ကိုချီထားလျက် အသားတဇတ်ဇတ်တုန် ကာ မျက်ရည်များကကလေး၏ ပါးပြင်ပေါ်သို့...
YOU ARE READING
Iɴᴛᴇʀɴᴀʟ Lᴏᴠᴇ Oғ Ⓚ︎Ⓘ︎Ⓜ︎ {KOOᗰOՏ}
Fanfiction*****ကင်မ့်ဆုတောင်း***** နောင်ဘဝဆက်တိုင်း "ဂျွန်" ဆိုတဲ့လူသားကို ချစ်နေချင်တယ်~ ဒါပေမယ့် နောက်ဘဝဆက်တိုင်း ကင်မ့် ဘဝကို ကင်မ် ပူလောင်ခြင်းမည်တဲ့ ... အချစ်/အမုန်း/သဝန်တိုမှုကအစ မရှိ အောင်စတေးလိုက်တာ မို့တောင်းပန်ပါတယ် "ဂျွန်" ~ကူးမိုစ်~ 📌KookV📌