🧸Episode 16🧸

3.1K 244 3
                                    

ရဲမတ်တွေကြားမှ တရွတ်တိုက်ပါသွားသောကင်မ်တဖြည်းဖြည်း ကင်မ်အသံလည်းဝေးကွာသွားလေပြီဂျောင်ဂုလည်း ဘာ့ကြောင့်မသိ ရင်ထဲနာနေသည်ကုတင်ပေါ်ကကလေးကိုကြည့်မိတော့ အသည်းအသန်အော်ငိုနေပေသည်။

~ Internal Love Of Kim~

ကင်မ်ဒီနေ့ ထယ်ကူးလေးအိပ်နေစဉ် ပန်းချီပြန်ဆွဲနေလေသည်။ထိုအချိန် အခန်းထဲမှဆူဆူညံညံအသံများကြောင့် အလုံပိတ်အခန်း မှထွက်ကာ အခန်းသို့...

"ဖြန်း"

"အ့ ဂျွန်"

ဂျွန် နှင့်မိန်းကလေးဆိုရီ။ဂျွန် လာသည်မို့ကင်မ်ပျော်၍ ဂျွန်ရှေ့သွားမိလျှင် မျှော်လင့်မထားသော ဂျွန်ရဲ့အပြုအမူ...

"ဖြန်း"

နောက်တချက်ကျရောက်လာသော ကင်မ်ပါးပြင်ပေါ်မှ ဂျွန် လက်ဖဝါး။ကင်မ် မှာမျက်ရည်ကျရုံမှတပါး...

"အင့် ဟင့် ဟင့်"

"ခင်ဗျား ရဲ့ ကျက်သရေမရှိတဲ့မျက်ရည်တွေကိုကျုပ်ရှေ့မှာလာကျမပြနဲ့ ကင်မ်ထယ်ယောင်း"

"ကင်မ် ကင်မ် ဘာများအမှားလုပ်မိလို့လည်း"

"ဘာ ဟား ဟား ကင်မ်ထယ်ယောင်း ကင်မ်ထယ်ယောင်းခင်ဗျားကဟန်ဆောင်သိပ်ကောင်းတာပဲ။ကျုပ်ကိုကခင်ဗျားကိုယုံခဲ့မိတာမှားတာ"

"ဂျွန် ဘာတွေပြောနေတာလဲ။ကင်မ်နားမလည်ဘူး"

"အော် ဒါဆိုလဲပြောပြပေးရတာပေါ့
လာခဲ့ ဟန်ဝူ ပြောပြလိုက်"

ဟန်ဝူဆိုသူကဝင်လာ၍...

"ကင်မ်မင်းသားခိုင်းတာကို အရှင်သိသွားတာပါ"

ကင်မ်က ဟန်ဝူဆိုသောသူကိုတခါမျှမမြင်ဖူးသလို သူပြောသောအကြောင်းအရာကိုလည်းမသိပေ။

"ဘာကိုလဲ ကင်မ်ဘာခိုင်းထားလို့လဲ"

"ဟို ကင်မ်မင်းသားကလည်း မိန်းကလေးချွဲဆိုရီကို လုပ်ကြံခိုင်းတာလေ။အစီစဉ်အောင်မြင်ရင် ကျွန်ုပ်ကို ဆုလာဘ်တော်များပေးမယ်ဆိုပြီး ကင်မ်မင်းသားရဲ့တံဆိပ်တော်ကိုပေးလိုက်တာလေ"

Iɴᴛᴇʀɴᴀʟ Lᴏᴠᴇ Oғ Ⓚ︎Ⓘ︎Ⓜ︎ {KOOᗰOՏ}Nơi câu chuyện tồn tại. Hãy khám phá bây giờ