၈နှစ်အတွင်း မင်းသားကင်မ်၏ ဖြူစင်သောစိတ်ထား၊ဖြူစင်သောအနေအထိုင်၊ဖြူစင်သောမျက်ဝန်းတွေက လွန်ခဲ့တဲ့၈နှစ်မတိုင်ခင် ကတည်းကအပြစ်မရှိကြောင်း သိသာသည်။ထိုသည်ကို အရှင်မှ တစက်လေးတောင် မင်းသားကင်မ်ရှေ့ကရပ်တည်မပေးခဲ့ပေ။ထောင်မှူးကတော့ မင်းသားကင်မ်ရဲ့ဘဝနှင့် အရှင့်အပေါ်ထားတဲ့အချစ်ကိုသာချီးကျူးမိသည်။
~ Internal Love Of Kim~
****8နှစ်ကြာပြီးနောက်....****
"ရေး ဖေဖေထယ်ကူးဆီပြန်လာပြီကွ"
၈နှစ်အရွယ်ကလေးငယ်လေးမှာ ဓားနက်ကြီးကိုကိုင်ကာ သော့ခလောက်ကိုကျွမ်းကျင်စွာဖြုတ်ကာ အဖြူရောင်လူသားရင်ခွင်ထဲသို့ ပြေးသွားလေသည်။ထိုကလေးငယ်သည်ဖြူလွှသောအသားအရည်ပေါ်တွင် အနက်ရောင်များသာဆင်မြန်းထားသည်။သူ၏နောက်တွင်အနီရောင်ဝတ်ရုံတော်ပိုင်ရှင် မှလည်းထပ်ကြပ်မကွာလိုက်လာသည်။
"ထယ်ကူးလေးကို လွမ်းနေတာဖေဖေက"
"ထယ်ကူးကပိုလွမ်းပါတယ်နော်။ ဖေဖေကင်မ် ပြောတယ်လေဖေဖေကို ပါးပါးက သူများတွေကြည့်မှာဆိုးလို့သော့ခတ်ထားဆိုတော့ ထယ်ကူးကလွမ်းပေမယ့်ဘာမှပြောရဲဘူးလေ"
ကင်မ် မှာထယ်ကူးစကား ကြောင့်မျက်ရည်လေးဝိုင်းကာဖြစ်နေသည်ကိုမြင်တော့ ဂျီမင်မှ
"ကဲ ကင်မ်ရယ် ဒီနှစ်တွေအတွင်းပင်ပမ်းရော့ပေါ့။လာအဆောင်ပြန်ရအောင် ရေမိုးချိုးပြီးအေးဆေးနားတော့"
"ဒီနှစ်တွေအတွင်းကျေးဇူးပါဂျီ"
"မလိုပါဘူး ကင်မ်ရယ်။ကင်မ်ကသာသည်းခံနေတာ။ကိုယ် ကသိပ်အလိုမကျဘူးအာ့မိန်းမကို။ဘယ်နှယ့် ကင်မ် ကိုမယုံကြည့်တဲ့ ဟိုကောင့်ကိုလည်း ကိုယ်မကျေဘူး"
"အို ထယ်ကူးရှေ့မှာ ဂျီရယ်"
ထယ်ကူးကတော့ ကင်မ်မျက်နှာအနှံ့တရှုံ့ရှုံ့နမ်းနေလေသည်။ကင်မ်လည်ပင်းကိုလည်း လက်ဖောင်းဖောင်းလေးတွေနှင့်တွဲခိုထားလျက် တအီအီ လုပ်နေသည်။ထယ်ကူးလေး ကင်မ်ကိုဘယ်လောက်ချစ်လဲကင်မ်အသိပင်။ထယ်ကူးသိတတ်စအရွယ်ကပင် ဂျီ ကထယ်ကူးကို ကင်မ်ဆီခေါ်လာတတ်သည်။ထယ်ကူလေးကလည်း ကင်မ်နဲ့တွေ့ရင် ထူးထူးခြားခြားအမြဲပြုံးပျော်နေတတ်သည်။ညဘက်တွေကအစ ကင်မ်နားမှာအိပ်ချင်တာမို့ မနည်းပြန်လွှတ်ရသည်။တော်ကြာခြင်တွေကိုက်နေမှဖြင့် ကင်မ်စိုးရိမ်ရချည်ရဲ့။ဒါတောင်မရမကအိပ်တတ်တဲ့ထယ်ကူးလေးပါလေ။တကယ့်အချစ်ခံလေး။
ESTÁS LEYENDO
Iɴᴛᴇʀɴᴀʟ Lᴏᴠᴇ Oғ Ⓚ︎Ⓘ︎Ⓜ︎ {KOOᗰOՏ}
Fanfic*****ကင်မ့်ဆုတောင်း***** နောင်ဘဝဆက်တိုင်း "ဂျွန်" ဆိုတဲ့လူသားကို ချစ်နေချင်တယ်~ ဒါပေမယ့် နောက်ဘဝဆက်တိုင်း ကင်မ့် ဘဝကို ကင်မ် ပူလောင်ခြင်းမည်တဲ့ ... အချစ်/အမုန်း/သဝန်တိုမှုကအစ မရှိ အောင်စတေးလိုက်တာ မို့တောင်းပန်ပါတယ် "ဂျွန်" ~ကူးမိုစ်~ 📌KookV📌